Tuesday, April 16, 2013
စစ်ဒေါင်း(၂)
တီအီးမော်တော်ကားကြီးကမအူပင်ရေနက်ကွင်းမှရန်ကုန်မြို.တော်ကြီးဆီဦးတည်မောင်းနှင်နေသည်။
ရေနက်ကွင်းမှအထွက် လမ်းမကြီးက တာဘောင်ပေါ်ဖေါက်ထားသောလမ်းဖြစ်ပေမယ်.မဆိုး၊မျဉ်းတစ်
ကြောင်းလိုဖြောင့်တန်းနေသည်။ညရှု.ခင်းပေမယ်. တဲကလေးတွေမီးမှိန်မှိန်ပျပျ ၊ လရောင်မှိန်မှိန်ရေ
ပြင်ကျယ်ကျယ် ၊ တောပုရစ်သံတွေ၊ကွင်းပြင်ကျယ်မှတိုက်ခတ်သောလေနုအေးတို.နှင့်သဘာဝပန်းချီ
ကားတစ်ချပ် ။ကျွန်တော်.ဘေးမှတီအီးကားဒရိုင်ဘာဦးကုလားကြီး ငြိမ်သက်စွာ ကွမ်းတမြုံမြုံ.ကား
ကိုပိုင်နိုင်ကျွမ်းကျင်စွာမောင်းနှင်နေသည်။
ကျွန်တော် ကားမှန်မှဘေးရှု.ခင်းတွေကြည်.နေသော်လည်းစိတ်တွေက တရွေ.ရွ. ………………
…………………………………………….
…………………………………………………………..
………………………………………………………………………
“အမေ သားစာမေးပွဲအောင်တယ် သင်္ချာဂုဏ်ထူးပါတယ်”
ပွဲရုံကောင်တာစားပွဲပေါ်တွင်စာရင်းလုပ်နေသော အမေကိုပြေးဖက်ရင်းပြောလိုက်သည်။
အမေက မထူးဆန်းပဲပြုံးကာကြည်.နေသောမျက်လုံးကို မျက်မှန်ကြားမှမြင်နေရသည်။
ပြီးမှကျွန်တော်.လက်မောင်းကိုဖွဖွလေးကိုင်လိုက်ပြီး
“ အမေ.ရဲ့တစ်ဦးတည်းသော ….အမေ.သားလေးကအခုမှ တော်တာမဟုတ်ဖူးလေ…..
ငယ်ငယ်ကတည်းက မူကြိုတက်တာသူငယ်တန်းစာအကုန်ရတယ်….မနှစ်ကလည်း
ညံ.လို.ဆယ်တန်းကျတာမဟုတ်ဘူးလေ ….အပေါင်းသင်းကြောင့်ဆိုတာမေမေသိတယ်”
ဟုတ်ပါသည်။ကျွန်တော်အပေါင်းသင်းတစ်ယောက်က သင်္ချာဖြေပြီးစာမေးပွဲကျမယ်သိလို.
ဘော်ဒါဆောင်သွားရန်နှုတ်ဆက်ပွဲကသောက်ထားသောအရက်ကဒုက္ခပေးဖူး၏။
မှတ်မှတ်ရရ သိပ္ပံဘာသာတွဲနေ. အရက်နာကျရင်းခေါင်းကိုက်နေသောကြောင့်စာမေးပွဲခန်းထဲ
ကြိတ်မှိတ်ပြီးရသလောက်စာဖိရေးနေသည်။ ရှေ.ကဖြေနေသောကျောင်းသားကနောက်လှည်.ပြီး
ပြုံးပြသည်။ကျွန်တော်မသိဘဲပြုံးပြသောကြောင့်ထူးဆန်းသည်ဟုတွေးမိလိုက်သည်။ ခေါင်းက
တစစ်စစ်ကိုက်နေသည်။ ထိုကျောင်းသားလက်မှစက္ကူတစ်ထုပ် လှမ်းပစ်လိုက်သည်။တည်.တည်.ပဲ
ကျွန်တော်.ပုဆိုးထဲလာကျသည်။ဆယ်တန်းကျောင်းသားပဲဒီလောက်မအဘူးလေ။ဒါပေမယ်.
ပြဿနာကဘယ်လိုရှင်းရမလဲဖြစ်ကုန်ပြီ ။ကျွန်တော်ငယ်ငယ်ကပင်စာမေးပွဲကိုခိုးချပြီးမဖြေတတ်။
သူများပစ္စည်းလဲမခိုး (မူလတန်းကတည်းက နွေရာသီကျောင်းပိတ်လျှင်ဘုန်းကြီးကျောင်းမှာဘုန်းကြီး
စာသွားသင်တုန်းဆုံးမတာတွေ နားထဲကမထွက် ငါးပါးသီလမလုံရင်လူမဟုတ်ဘူး )
လူတကိုယ်လုံးပူထူလာသည်။သူ.ကိုပြန်ပေးရမလား၊ ဒါလည်းမဖြစ်နိုင်သူကငါ.ကိုစေတနာနဲ.
ပေးတာပဲ ၊ အခန်းစောင့်ဆရာမကိုအပ်ရမလား၊ ဒါလည်းပြဿနာ ငါ.လက်ထဲကရတာဆိုပြီး
ရှုပ်ကုန်မှာ …..ဟာ ………
ကျွန်တော် အတွေးတစ်ခုဝင်လာသည်။
“ဆရာမ အပြင်ထွက်ချင်လို.ပါ”
ဆရာမကအခန်းထိပ်မှ မတ်တပ်ရပ်နေသောကျွန်တော်.အသံကြောင့်
“ အေးရတယ် သွား သွား”
ကျွန်တော်ရထားသောစာရွက်ထုပ်ကို ပုဆိုးခါးပုံစာတွင်ထည်.လိုက်သည်။
ဆရာမပြေးလာသည်။မျက်လုံးကြီးတွေမီးတောက်တွေတ၀င်းဝင်းပြူးနေသည်။
“ မှန်း မင်းပုဆိုးပြန်ဖြေစမ်း ”
ကျွန်တော်မိုးကြိုးထိသွားပြီ။ကျွန်တော်မလိမ်တတ်ပါ ။ခါးပုံစာထဲမှ စာရွက်ထုတ်ကိုပေးလိုက်
သည်။
“ဒါမင်း ဟာလား”
ကျွန်တော်မဖြေ ခေါင်းကိုငုံထားလိုက်သည်။
“မင်းကိုမေးနေတာလေ ပါးစပ်ကပြောလေ”
ကျွန်တော်.ဆီ ပစ်ပေးသောကောင်နောက်တောင်လှည်.မကြည်.။ဒါပေမယ်.ကျွန်တော်
ကိုယ်ချင်းစာပြီးမပြောချင်(သူမသိတတ်တာ သူ.သမိုင်း)
“မေးနေတာဖြေလေ”
အခြေနေပိုပြီးတင်းမာလာသည်။ ညကသောက်ထားသောအရက်ကလည်းခေါင်းကိုထိုးကိုက်စေသည်။ကျွန်တော်ထူပူလာသည်။
ဆုံးဖြတ်ချက်အမြန်ချမှဖြစ်မည်။
ဆရာမကို မျက်လုံးချင်းဆိုင်ကြည်.လိုက်သည်။
“ဆရာမ ကျွန်တော်မလိမ်တတ်ဘူး ကျွန်တော်.ဟာမဟုတ်ဘူးဘယ်သူ.ဟာလဲထပ်မမေးပါနဲ.”
ဆရာမပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ရတယ် တာဝန်အရဆိုမင်းရုံးခန်းလိုက်ခဲ့”
ကျွန်တော် စဉ်းစားရကြပ်သွားပြီ။လူမိုက်လုပ်ချင်လာသည်။
ကျွန်တော် ဆရာမလက်ထဲမှ စာရွက်တွေကောကျွန်တော်.အဖြေလွှာမေးခွန်းစာရွက်တွေပါ
အားလုံးစုကိုင်ကာအခန်းတွင်းမှပြေးထွက်ခဲ့သည်။
“သားဘာတွေစဉ်းစားနေလဲ သား အခုဘယ်သင်တန်းတွေတက်မလဲ”
အမေ.မျက်လုံးတွေကိုစိုက်ကြည်.နေမိသည်။ကျွန်တော်ဆယ်တန်းပထမနှစ်ကျသောအဖြစ်ကိုအတွေးထဲမှာဖူးစတော.ချလိုက်သည်။အမေက ဒီသားတစ်ယောက်တည်းမို.ပိုချစ်တာလား အမေ ။တကယ်ဆိုအမေနှင့်ကျွန်တော်ကဒီအညာမြို.ကလေးမှာ မနေသင့် ၊ ဆွေးမျိုးရယ်လို.မယ်မယ်ရရ
လည်းမရှိ။အဖေက၀န်ထမ်းဘ၀နှင့်ပြောင်းလာပြီးဒီမြို.ကလေးမှာခေါင်းချသွားသည်။
ဒါလည်းအမေ၏ဇာတိကိုမပြန်ဖြစ် ၊ရှိတာလေးတွေထုခွဲပြီး အရင်းနှီးလုပ်ကာဈေးသည်
ကုန်သည် ထိုမှတဆင့်ပွဲရုံပိုင်ရှင်အဖြစ်မိန်းမသားတစ်ယောက်နဲ.မလိုက်ရုန်းကန်ခဲ့သည်။
“အမေ ရန်ကုန်မှာ ကွန်ပြူတာသင်တန်းတက်ချင်တယ် ပြီးရင်GTI လျှောက်မယ်”
အမေအားရပါးရပြုံးလိုက်သည်။ကျွန်တော်.လက်မောင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး
ကျွန်တော်.နဖူးလေးကိုအသာယာနမ်းလိုက်ပါသည်။ပြီးမှ ကျွန်တော်.နား နားကိုကပ်ပြီး
“ မင်းအဖေက ပြောဖူးတယ် မင်းကိုငယ်ငယ်ကတည်းက ဒီကောင်အင်ဂျင်နီယာဖြစ်မှာ..ကွ ..မိန်းမ တဲ့”
ဟုတ်ပါတယ်ကျွန်တော်အငယ်ကဖျက်ဆီးပစ်ခဲ့သောကစားစရာများမှာအိမ်တွင်တောင်းကြီးတောင်း
ငယ်နှင့်မဆံ့ ။ဗလာစာအုပ်ဝယ်တယ်လို.အော်တဲ့လူလာရင်အမေရောင်းပစ်လိုက်တာလည်းမနည်းပါ။
ဆက်ရေးပါမည်။
စောစော(အိမ်မက်ရဲတိုက်)
၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး
ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment