Sunday, April 21, 2013

စစ်ဒေါင်း(ရ)


စက်ဘီးကိုယ်စီဖြင့် ကျောင်းသွားကြသောကျောင်းသား ကျောင်းသူတွေ များလှသည်။
ရန်ကုန်-မန္တလေးအဝေးပြေးကားကမ်းကြီးကိုစက်ဘီးတန်းကြီးက ဖြန်.ကျက်သိမ်းပိုက်ထားသည်။
တစ်ခါတစ်ခါကုန်တင်ကားကြီးများ၊လိုင်းကား(ဒိုင်နာ/ဟိုင်းလပ်)များ၊ခရီးသည်တင်မှန်လုံအိပ်စပရက်
ကားကြီးများမောင်းနှင်လာမှသာလမ်းဘေးကို အလိုက်တသိချနင်းပေးကြသည်။ကျောင်းသို.သွားရာ
လမ်းမကြီးဝဲယာတွင် နံနက်စာေ၇ာင်းချသောဈေးဆိုင်ကလေးများကိုဟိုတစ်စုဒီတစ်စုမြင်ရသည်။
တစ်ချို.ဆိုင်ကလေးများတွင်နံနက်စာစားသုံးနေကြသောကျောင်းသူကျောင်းသားများအပြည်. ၊
စားပြီးလျှင်ကျောင်းသို.သွားရန်စက်ဘီးကလေးများထောင်ထားပုံက လမ်းဘေးတွင်စီစီရီရီ။
ထူးထူးခြားခြားစားသုံးနိုင်သောဆိုင်ကနို.ဆိုင်ဟုအမည်ရနေသောဆိုင်ကလေး။
ပူပူနွေးနွေး နွားနို. ကိုခွက်ကြီးကြီးနှင်. ရသည်။စားတော်ပဲပြုတ်ကို ထမ်းပူပူနှင့်နှယ်ကာ
ပဲထမင်းဟုခေါ်သောစားစရာ ၊ လက်ဖက်နှင့်ထမင်းရောနှယ်ထားသောလက်ဖက်ထမင်းဆိုသော
စားရာတွေ ၊ဆိုင်ရှင်ကိုယ်တိုင်ချက်ပြုတ်၊စားပွဲထိုးလုပ်ပြီးရောင်းချသည်။ရောင်းချသောမိန်းမကြီးနှစ်ဦး
ကဖေါ်ရွေသောဆက်ဆံရေး ၊ကျောင်းသေားများအပေါ်သားသမီးများသဖွယ်စေတနာထားကာ
အမြတ်ကိုသိပ်မမျှော်လင့်ပဲရောင်းချသောစိတ်ထားတွေကြောင့် စားသုံးသူကျောင်းသူကျောင်းသား
ကျောင်းသူတွေမပြတ်စည်းကားလှသည်။ကျောင်းတက်ချိန်တွေမှာတောင်သမီရည်းစားအတွဲတစ်ချို.
ထိုင်နေတာတွေကို မြင်ရသည်။အောက်ပြည်အောက်ရွာလယ်ကွင်းပြင်ကို ငေးရင်း ရထားကြီးတွေ
ဖြတ်မောင်းလာသံတွေမြင်ကွင်းတွေဒီဆိုင်ကစိုက်ခင်းလေးနှင့်တုံကင်ရေတွင်းလေး.. ( အညာသား
တစ်ယောက်အတွက်)ပတ်ဝန်းကျင်သစ်အနုပညာဆန်ဆန်နှုလုံးသားကို ဆွဆွနေသလိုခံစားရသော
ဆာရီယယ်ဆန်ဆန်ပန်းချီကား။


   နို.ဆိုင်ဋီကာ ကိုခေါင်းထဲမှခဏမေ.ပစ်လိုက်ကာ ကျောင်းဝန်းထဲဝင်လာခဲ့သည်။
တစ်ခြားကျောင်းတော်သူကျောင်းတော်သားတွေလိုစက်ဘီး၊ဆိုင်ကယ်၊ကိုယ်ပိုင်ကားတွေမရှိ။
ဆင်းရဲလွန်းလှသောကြောင့်မဟုတ်။အညာက လာကတည်းကဘာမျှမပါ အ၀တ်စား
သေတ္တာတစ်လုံးသာပေါ.ပေါ.ပါးပါးယူလာပြီးကျောင်းလာတက်တာလေ။အောကတ္တီပါမန္တလေးချုပ်
ရှားရောင်ကလေးကိုဖိနင်းကစိတ်ကိုထိန်းရင်း©ဆောင်လှေကားထစ်တွေကိုအားကုန်ဖိနင်း
ရင်း ဒေါသကိုဖေါက်ခွဲပစ်လိုက်သည်။စက်မှုပုံစံပြုပထမနှစ်(ဂျုနီယာတန်း)ဆိုင်းဘုတ်ကတပ်မထား
ကောရစ်တာမှအထဲကိုကြည်.ကာ ကျီးကန်းတောင်းမှောက်ရှာနေလိုက်မိသည်။
 “ဘာတွေရှာနေလဲ”
သန်းဇော် ကကျွန်တော်.အမူအရာကိုစိတ်ပျက်နေသောလေသံနှင့်ပြောသည်။
“ဟိုတစ်နေ. ကျောင်းအပ်တုန်းကကောင်တွေတွေ.မလားလို.ရှာနေတာ”
 “ဟိုမှာတွေ.ပြီ စိုးထွေးတို.ရဲကျော်ကျော်တို.ကွလာဒီအခန်းပဲလာလာ”
ကျွန်တော်ကကျောင်းအပ်တုန်းကပြောခဲ့သောစကားကိုသတိရပြီးစိုးထွေးတို.တွေ.လျှင်
စက်မှုပုံစံပြုပထမနှစ်(ဂျူနီယာတန်း)အခန်းဟုအပိုင်တွေးထားမိသည်။
ကျောင်းသားတစ်ယောက်နားကြပ်ကတ်ဆက်ကလေးကိုနားမှတပ်ရင်းခေါင်းခါနေသည်။
သီချင်းသံကိုလိုက်ဖက်ညီအောင်လှုပ်နေတာကိုလက်ခံနိုင်သော်လည်းပတ်ဝန်းကျင်နှင့်
မလိုက်ဖက်တာတော.အမှန်ကန်။တစ်ခြားကျောင်းသားကျောင်းသူတွေကဆွေမျိုးစပ်နေကြသည်။
ဘယ်မြို.ကလာတက်တာလဲ ၊ ဘယ်အဆောင်ရလဲ ၊အဆင်ပြေလား ၊ နာမည်ဘယ်လိုခေါ်လဲ
ဘယ်ကဗျာတွေရွတ်နေကြသည်။ညာဆိုသောအသံမကြားရ။တစ်ခန်းလုံးဆူညံနေသည်၊
မှည်.နေသောညောင်ပင်ပေါ်ကကြက်တူရွေးတအုပ်ဆန်ဆန်၊မိုးဦးကျခါစလမ်းဘေးကပုရစ်တွေ
ဖားတွေသဘာဝကိုကောင်းချီးပေးတေးသံတွေလိုလို။
ကျွန်တော်နှင့်သန်းဇော်နားကြပ်တပ်ထားသောအသားဖြူဖြူနှုတ်ခမ်းမွေးယေးယေးနှင့်ကောင်လေး
၏နောက်ခုံကို ၀င်ထိုင်လိုက်သည် ၊နောက်ဆုံးတန်းလို.ဆိုနိုင်သည်။ပြတင်းပေါက်မှ အပြင်ငေးမိတော.
ထန်းပင်တစ်ပင်နှစ်ပင် မညီမညာထိုမြင်ကွင်းရှေ.ကကျောင်းသားရေးရာဌာနနှင့်ကျောင်းအုပ်ဆရာမ
ကြီးရုံးခန်း၊ကျောင်းအပ်နေသောကျောင်းသားကျောင်းသူအချို.ထိုအဆောင်အပေါ်ထပ်ကော်ရစ်တာ
တွင်ရပ်နေကြသည်။မတ်လမို.လားမသိ နေပူရှိန်ကပြင်းထန်လှသည်။နံနက်(၉)နာရီဝန်းကျင်ခန်.
ပင်ရှိသော်လည်း  တကယ်.နေ.ခင်းလောက်ပူနေသည်။ ပြတင်းပေါက်နားကထန်းပင်ကနွေဦးကာလမြူထသောအခါကဗျာပင်ရွတ်ရမလို၊ အညာကထန်းပင်
ထန်းတောတွေအောက်ကိုပြန်ပြေးရအောင်စိတ်ကိုဆွပေးနေသည်။ကော်ရစ်တာမှဒေါက်မြင့်ဖိနပ်
သံတွေအတိုင်းသားကြား၇သည်။(C)ဆောင်ကအခြားဆောင်တွေလိုနှစ်ထပ်ဆောင်၊ အပေါ်ထပ်ကို
ပျဉ်ခင်းထားသောကြောင့်ဖိနပ်သံကြားရတာမဆန်းဟုထင်နိုင်သည်။




ဖိနပ်သံကတော.မဆန်းလာသောမိန်းမနှစ်ယောက်ကဆန်.ကျင်ဘက် ၊ တစ်ယောက်က အသားရေကောအရပ်အမောင်း
နှင့်တိုင်းရင်းသူဟန်၊(ဒေါက်ဖိနပ်စီးထားတဲ့အမျိုးသမီး) နောက်တစ်ယောက်ကထိုမိန်းမလောက်
အရပ်မမြင့် အသားညိုသည် ၊ ၀၀မျက်မှန်တပ်ထားသည်။ ၀၀မိန်းမကအခန်းဝတွင်ကျန်ရစ်ပြီး
ကော်ရစ်တာပေါ်ရပ်နေသည်။ဒေါက်မြင့်ဖိနပ်သံ အခန်းထဲရောက်လာသည်။ အစက စကားများ
နေသော စက်မှု.ပုံစံပြုကျောင်းသားကျောင်းသူသစ်များအသံတိတ်သွားသည်။ ထိုဒေါက်မြင့်ဖိနပ်
နှင့်မိန်းမက စားပွဲပေါ်ကိုလက်မှပါလာသောဖိုင်တွဲတင်လိုက်သည်။မတ်တပ်ရပ်လျက်ပင်
 “ အားလုံးပဲ မင်္ဂလာပါ တီချယ်ကမင်းတို.စက်မှုပုံစံပြုပထမနှစ်ဂျူနီယာတန်းအတွက်
                                                                  ဂါးဒီးရန်ပဲ ”
   “ဘာဂါးဒီရန် လဲ” သန်းဇော် ကျွန်တော့်ကို တိုးတိုးလေး မေးသည်။
 “ဟာမင်းကလည်း ဂါးဒီရန်ဆို အတန်းပိုင်ပေါ.ကွ”
 ကျွန်တော် နားမလည်သော်လည်းမှန်းရမ်းဖြေလိုက်သည်။
 “ဆရာမက ချောတယ်ကွာ”
 ရှေ.ကနားကြပ်တပ်ထာေးသာနှုတ်ခမ်းမွေးယေးယေးနှင့်ကျောင်းသားကနားကြပ်မဖြုတ်ပဲ
 သူ.အနားဘေးကလူကိုပြောသည်။နားကြပ်တပ်ထားသောကြောင့်သူအသံကျယ်သွားတာမသိ။
“ကဲ ဒီအချိန်စာသင်မဲ့တီချယ်ရောက်နေပြီအီးစီနောက်နေ.မှရွေးမယ်
   အခု ရိုးကောပဲခေါ်ပြီး တီချယ်ပြန်မယ် အားလုံးဂရုစိုက်နားထောင်ကြ”
 “ဘာ အီးစီ နောက်မှရွေးမှာလဲ ”
သန်းဇော်လျှာရှည်ပြီးထပ်မေးသည်။ကျွန်တော်ပြန်မဖြေတတ်၊ essential essential
Essential essential …….
 နားကြပ်နဲ.ကောင်က နားကြပ်ဖြုတ်ထားပြီဖြစ်ကာ ကြားသွားပြီး
 “ essential cow ”“ဗမာလို မရှိမဖြစ်နွား  ရွေး မယ်လို.ပြောတာကွ”
ကျွန်တော်ပြုံးလိုက်မိသည်။စိတ်ထဲမှတော်တော်နောက်တဲ့ ကောင်ဟုရေရွတ်နေမိသည်။
သန်းဇော်ခေါင်းကိုကုတ်ကကြောင်နေမိသည်။
 “ရိုးဝမ်း ကိုကြီးကျော်”
 နားကြပ်တပ်တဲ့ကောင်မတ်တပ်ရပ်လိုက်ပြီး
 “ရှိ”
 “ဟားဟား ဟားဟား”
ယောင်္ကျားလေးတွေရယ်သံကျယ်လောင်သွားသည်။
“မင်းပြန်ပြင်ပြီး ထူးပါ ပရဲဆန်.တီချယ်လို. ပြန်ထူးပါ”
ဂါးဒီရန်ဆိုသောဆရာမက လှမ်းပြောသည်။
“ဟုတ်ကဲ့ပါ မီးသတ်သင်တန်းတက်တုန်းကအမှတ်ရလို.ဒီလို ပဲထူးရမှာလားလို.ပါ”
“အေး ဒါမီးသတ်သင်တန်းမဟုတ်ဘူး အင်ဂျင်နီယာသင်တန်းလေ”
“ဟုတ်ကဲ့ပါ ”
ခေါင်းကိုကုတ်ရင်းထိုင်လိုက်သည်။
“နောက်ခုံကိုပြောင်းထိုင်လိုက်ပါဘာလို.ဒီလောက်နောက်က ကျောင်းသားတွေနှင့်စကားသွားပြောချင်
ရင်နောက်ခုံ ပြောင်းထိုင်ပါ”ကိုကြီးကျော်ဆိုသူကျွန်တော်.ဘေးရောက်လာသည်။နာမည်ကလည်း
ကိုကြီးကျော်တဲ့ သိပ်မလိုက်ဖက်ပခန်းကိုကြီးကျော်က ဒို.အညာက ကြက်သမားထန်းရည်သမား
ပခန်းသားပုံပြင်ထဲလိုဆိုအသားညိုညို ၊ သူကဖြူဖြူနှုတ်ခမ်းမွေးယေးယေးနှင့် ခေတ်သစ်ကိုကြီးကျော်ဆိုပြီး ဒို.နားလာမပြီထင်တယ်။

“ရိုးတူး ယဉ်ယဉ်နု”
“ပရဲဆန်.တီချယ်”
တည်.တည်.ကျနေပြီ။
……………….
 ………………….
 …………………….
 ………………………….
“ ရိုး (  ) ဦးသန်းဝင်း”
“ဟားဟားဟား ..ဟားဟားဟား”
ကျွန်တော်ဦးဦးသာထွန်းအကြောင်းကြားဖူးထားသောကြောင့်ရခိုင်လူမျိုးတွေ သားဦးသမီးဦး
နာမည်မှည်.လျှင် နာမည်ရှေ.ဦးတပ်မှည်.တာလောက်သိသည်။ဒါပေမယ်.ဆယ်တန်းအောင်ပြီး
အခုမှ (၁၆)(၁ရ)လူငယ်တွေအားလုံးသိဖို.ဆိုတာမဖြစ်နိုင် ၊ ဒါလည်းရယ်စရာဖြစ်သွားသည်။
သူများကိုသာပြောတာ ကျွန်တော်လည်းအတူတူ(၁၆)(၁ရ) ပဲ ၊ ဟီးဟီး ။
 “တီချယ် နာမည်လဲမှတ်ထားပါ ဒေါ်ရူပါ ပါ”
“တီချယ် ဒေါ်ဝင်းလှိုင်ဝင်လို.ရပါပြီရှင်”
ဒေါက်မြင့်ဖိနင်နှင့်တိုင်းရင်းသူလို.ထင်ရသောကျွန်တော်တို.ဂါးဒီရန်တီချယ်ဒေါ်ရူပါအပြင်ထွက်
သွားသည်။ ဒေါက်မြင့်ဖိနပ်သံ တွေ  လှေကားထစ်အဆင်းထိကြားနေရသည်။တီချယ်ဒေါ်ဝင်းလှိုင်
သချာင်္(၂)ကိုသင်သည်။ပုံနှိပ်စာအုပ်မရသေးသောကြာင့် အခက်ခဲတော.ကြုံရတာတော.အမှန်
ဗလာစာအုပ်တွင်လိုက်မှတ်ရင်းတင်းတိမ်ရောင့်ရဲပြီး သည်းခံကာစာသင်လိုက်ကြသည်။ဆရာမက
စာအသင်ပြကောင်းသောကြောင့်တခန်းလုံးအပ်ကျသံပင်မကြားရ ၊ တိတ်ဆိတ်စွာ နားထောင်နေကြသည်။အငြိမ်မနေတတ်သောနားကြပ်တပ်ကိုယ်တော်ကိုကြီးကျော်ပင်ကြိုးစားပမ်းစား
စိတ်ဝင်စားစွာနားထောင်နေသည်။
…………….”
“…………………….”
“…………………………..”
“တီချယ်တို.မှာ အ၀ိုင်းလေးရှိတယ်”
“ဟီးဟီး” “ဟီးဟီး”ကိုကြီးကျော် မချိုမချဉ်မျက်နှာထားနှင့်ကျွန်တော်.ဘက်လှည်.ရယ်လိုက်သည်။
ကျွန်တော်ကြောင်သွားသည် ၊တီချယ်သင်တဲ့အထဲရယ်စရာမပါ ၊ ဒီကောင်ဘာရယ်တာလဲ ၊
ကျွန်တော်စဉ်းစားရင်းသဘောပေါက်သွားသည်။ကျွန်တော်တို.နှစ်ယောက်ခေါင်းချင်းခွေ.ကာအောက်ငုံ
ပြီးရယ်လိုက်ကြသည်။
  တီချယ်မြင်သွားပုံရသည်။စာသင်ခန်းရှေ.မှကျွန်တော်တို. နှစ်ယောက်ရှိရာ လျှောက်လာသည်။ကျွန်တော်တို.နှစ်ယောက်မျက်နှာပိုးသပ်ကာမသိသလို စာကိုစိတ်ဝင်စားစွာနားထောင်နေဟန် အမူရာကိုပြလိုက်ကြသည်။
ဒါလည်းမရ ၊ တီချယ်ရောက်လာသည်။
“မင်းတို.နှစ်ယောက်တီချယ်သင်တဲ့အထဲမှာ ဘာရယ်စရာပါလဲ”
“မင်းတို. ခေါင်းခွေ.ပြီး ရယ်နေတာ  မြင်လိုက်တယ်”
“ဘာရယ်စရာပါလဲ ပြော”
အခြေနေက အထွတ်အထိပ် ရောက်ကုန်ပြီ ၊ဖြေစရာစကားမရှိ ၊ ပါဠိလိုပဲ ထားတာ ကောင်းသည်။
မြန်မာပြန်လို.မဖြစ် ၊ ကိုကြီးကျော် ဒီတစ်ခါတကယ်“မ”တာပဲဟု တွေးမိလိုက်သည်။ကျွန်တော်တို.နှစ်ယောက်ဘာမျှပြန်မပြောခေါင်းကိုကိုယ်စီငုံထားလိုက်ရသည်။
“ကောင်းပြီ မင်းတို.ကကောင်းကောင်းစာမသင်ချင်ရင်အပြင်ထွက်ပေးပါ တခြားကျောင်းသားတွေကို
 အနှောက်အယှက် မပေးချင်ပါနဲ.”
တီချယ်တကယ်ဒေါသထွက်နေပုံရသည်။ကျွန်တော်ကိုကြီးကျော်မျက်နှာကို ကြည်.လိုက်သည်။
သူလည်းသူ.လုပ်ရပ်ကို စိတ်မကောင်းပုံရ သည်။သူစတဲ့ဇာတ်သူဆက်ပြီးကရမည်။
“ဟုတ်ကဲ့ ကျွန်တော်တို.အပြင်ထွက်ပေးပါမယ် ကျွန်တော်တို. အမှားကိုခံယူပါ.မယ်”
ကျွန်တော်နှင့်ကိုကြီးကျော်(C)ဆောင်လှေကားထစ်များအတိုင်းဆင်းလာပြီးကန်တင်းကို
ပန်းတိုင်အဖြစ်ချီတက်လိုက်ကြသည်။



ပထမနှစ်ပထမဆုံးအချိန် မှာတောင် “ကိုကြီးကျော်မတာ
များသွားပြီ” ဟုခံစားလိုက်ရသည်။တခြားအခန်းထဲကျန်ခဲ့သောကျောင်းသားကျောင်းသူများ
စာသင်မပျက်ကျန်ခဲ့လားကြိတ်ပြီးအတွေးပေါက်ရယ်မည်လားမစဉ်းစားမိတော. ၊ထူပူနေသောကြာင့်
လွယ်အိတ်များပင်အခန်းထဲကျန်ခဲ့လေပြီ။လေးကျော်တင်ဘုရားကြီးကိုကြည်.မိလိုက်သည်။
 “ချစ်သား လူပေါင်းမှားပြီ ”
 “အရှင်ဘုရား လူမှားကိုပေါင်းမိတာပါ …ဘုရား”
  ကန်တင်းတွင်စာသင်ချိန်မို. သီချင်းသံမကြား တိတ်ဆိတ်နေသည်။ဘောလုံးကွင်းကြီးက
ကျွန်တော်တို.နှစ်ယောက်ကိုပြောင်ပြနေသည်။ပီပီပြင်ပြင်မဟုတ်မြက်တွေနဲ. မြက်တွေနဲ.
 ………………………………………………မြက်တွေနဲ……မြက်တွေနဲ. ………
                   



                                                   ဆက်ရေးပါမည်။
                                              စောစော(အိမ်မက်ရဲတိုက်)
                                            ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး 
                                      ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်




စစ်ဒေါင်း(၆)


 Classic ဆောင်



အဆောင်ကဂစ်တာသံမပြတ်လူလဲလှည်လုပ်ပြီးတီးနေသည်။တစ်ခါတစ်ခါဂစ်တာကိုသနားလာ
မိပြန်သည်။စီနီယာတန်း ဂျူနီယာတန်း ဖိုင်နယ်အားလုံးတတ်သလောက်အလုအယက်တီးကြသည်။
ကျွန်တော်ကအဆိုသမားလည်းမဟုတ်အတီးသမားလားမေးရင်လည်းslowGo Go လက်ခတ်က
မတက်။ဒါပေမယ်.ဖောရှောလောက်တော.ရသည်။
 ကျွန်တော်ဖိုင်နယ်တွေနှင့်ရောပြီးအဆောင်ရှေ.တန်းလျားလေးတွင်ထိုင်ကာသံယောင်လိုက်နေ
မိသည်။တချို.သီချင်းတွေကိုကိုညိုကြီးတီးပုံက ပရောဖက်ရှင်နယ်ဆန်လှသည်။မူရင်းနိုင်ငံခြား
သီချင်းတီးပုံကိုခွေမှာကြည်.ပြီးကျင့်ထားသည်ဟု သူ.သူငယ်ချင်းများကပြောပြသည်။
ကျွန်တော်မရောက်ခင်နှစ်ကမေဂျာဒေးတွင်တီးဝိုင်းပါသောကြောင့်လိဒ်တီးဖူးသည်ဟုလည်း
ကြားဖူးထားသည်။ဂစ်တာသံတွေဆူညံနေပြီးလမ်းမပေါ်ဖြတ်သွားသောကားသံကို
ကျော်သွားအောင်အော်ပစ်တဲ့ညတွေလည်းရှိခဲ့ဖူးကြောင်းပြောပြသည်။
  “လာကွာ နေမျိုး” ကိုညိုကြီးဂစ်တာဖလက်တံ ကိုထောင်ကာ နေရာပေးလိုက်သည်။
 “ရတယ်အစ်ကို တီးပါ”
  ဂျင်းဘောင်းဘီအပြာရောင် ဟောင်းနွမ်းစုတ်ပြတ်နေတာကိုခြေဖျားကျအောင်ဝတ်
ထားသော မျက်လုံးမျက်ခုံးကောင်းကောင်းဆံပင်ရှည်တွန်.တွန်.လူငယ်၊ အနီးမှ ခုံပုလေးကိုဆွဲ
ထိုင်ကာပြန်ပြောသည်။
    ကိုညိုကြီးကဂစ်တာကိုဆက်မတီး ကြိုးညှိနေပြီး
  “သူ က  အခုမှရောက်တာ ဂျူနီယာပေါ. မင်းတို.MTမေဂျာကပဲ”
  ကျွန်တော်.ကိုမေးထိုးပြကာပြောသည်။
  “တွေ.ရတာ ၀မ်းသာပါတယ် ကျွန်တော်နေမျိုးပါ
                 လိုအပ်တဲ့အကူညီရှိရင်ပြောပါ”
         အပြည်.၀မဟုတ်သောအပြုံးတစ်ခုကိုအားယူရင်းပြောသည်။ဒါပေမယ်.
သူ.မျက်လုံးတွေကတော.စူးရှပြီးတကယ်ရိုးသားတဲ့အပြုံးပါနေသည်ဟု ခံစားမိလိုက်သည်။
ခက်တာကအခုမှတွေ.တဲ့သူတွေဘယ်လိုယုံရမလဲဆိုသောစိတ်ကိုဖျောက်ပစ်မှဆိုသောအတွေး
ကိုခေါင်းထဲမှမောင်းထုတ်လိုက်ရသည်။
   “ကဲ နေမျိုး မင်းကျောင်းသီချင်း တီးကွာ ငါလည်းလက်နာလှပြီရော.”
   “ဟာ ကိုညိုကြီးတီးပါ ကျွန်တော်ကလမ်းကြုံလို.၀င်လာတာ ဆိုပဲ ဆိုပေးမယ်”
 “ဟာမင်း သီချင်းမင်းတီးမှပိုကောင်းမှာပေါ.ရော.ရော. ”
 ဒီလိုနဲ. ကျွန်တော်မကြားဖူးသေးသောတောင်ငူGTIကျောင်းသီချင်းဆိုဖြစ်ကြပါသည်။


တိုက်ရိုက်နားဆင်ရန်
              http://www.reverbnation.com/dreamcastle?profile_view_source=header_icon_nav

“ဖြူစင်စွာရင်းနှီးခဲ့တဲ့အပြုံးတွေ…….(အပြုံးတွေ)…..
    ဒို.ကျောင်းတော်ကြီးရဲ.နိမိတ်ပုံပေါ.လေ…….ပျော်စရာWORKSHOPထဲမှာအလုပ်လုပ်ပုံတွေ…
(အလုပ်လုပ်ပုံတွေ)….JOBအဟောင်းလိုမပျောက်ပျက်မဆွေးနိုင်ပေ…
   အဖြူရောင်အချစ်တို.မွေးထုတ်ပေးနေ(ပေးနေ)…….
 လေးကျော်တင်ဘုရားကအေးမျှစမြဲလေ……
     ကင်န်တင်းစားပွဲခုံပေါ်ကစါသားတွေ(စာသားတွေ)…….
ဒို.အားလုံး ဒိုင်ယာရီတစ်ခုပါလေ……
တို………GTIရဲ.ညနေချိန်တွေဘယ်တော.မှပြန်မရနိုင်မဲ့ဘ၀တွေ အတူဆုံကြမဲ့စက္ကန်.လေးတွေ ခေါ်ဆောင်သွားမယ်.ရထားဥသြသံဆူညံနေ……”
           
…………………………………………………………………..
 ……………………………………………………………………………..
       …………………………………………………………………………………………
     “ဖုန်း” “ခွမ်း ” ဖျောင်း “ဟာ”
 မျက်စောင်းထိုးလက်ဖက်ရည်ဆိုင်မှအသံတွေကြောင့်ကျွန်တော်တို.ဂစ်တာဝိုင်းရပ်လိုက်ရသည်။
လက်ဖက်ရည်ဆိုင်မှာ လူတွေစုအုံသွားသည်။ရွာကလူတွေကောကျောင်းသားတွေပါ ။
  “ရွာသားမဟုတ်ဘူး ကျောင်းသားအချင်းချင်းစကားများရင်း ခုံနဲ.ရိုက်တာတဲ့”
ကျွန်တော်တို.အုပ်စု ကျောင်းသားဆိုသံ့ကြားတာနှင့်ဂစ်တာကို ခုံတန်းလျားပေါ်တင်ခဲ့ပြီး
သွားကြသည်။ဆရာတစ်ယောက်ရောက်လာပြီးခေါင်းကွဲသွားသူကိုဆေးခန်းပို.ရန်စီစဉ်နေသည်။
သွေးတော.စီးကျနေသည်။သိပ်တော.အခြေနေမဆိုးလှ။
 ကျွန်တော်တို.ထိုဆိုင်ရှေ.ရောက်ပြီးရပ်ကြည်.နေမိသည်။တစ်ခြားအပေါင်းသင်းတွေပါလာပြီး
အခြေအနေထိန်းသိမ်းဖြန်ဖြေကာ လုပ်သင့်တာကိုကူညီလုပ်ကိုင်ကြသည်။
“နေမျိုး   ရိုက်တဲ.ကောင်ကမင်းတို.MTကမဟုတ်လား”
ကိုညိုကြီးကမေးသည်။

   “ဟုတ်တယ် ဆိတ်ဖြူလေ (ဆိတ်ဖြူမြို.)”

“ခေါင်းကွဲတာရန်ကုန်သားဆိုတဲ့ကောင်ပေါ.”
ကိုသန်းထွန်းဦးက၀င်ပြောသည်။
 “သွားပြီ ရိုက်တဲ့ကောင်ကျောင်းထွက်ပုဒ်မနဲ.ငြိပြီ”
“ဘာဗျ ” “ရန်ဖြစ်လို.ရိုက်လိုက်ရင်ရိုက်တဲ့ကောင် ကျောင်းထွက်တဲ့လား”
ကျွန်တော်ဝင်ပြောလိုက်မိသည်။သြော်မိဘတွေက ကျောင်းပို.သားကအရက်သောက်
ဆယ်တန်းတုန်းကအင်စတီကျူ.၀င်ချင်လို.ကြိုးစားခဲ့ရတာတွေ အခုမှလွတ်မြောက်ပြီဆိုပြီးမြင်းဇောင်း
ထဲကလွှတ်လိုက်သလိုကဲ ၊ကဲလို.ပြဿနာဖြစ်ရင်စိတ်မထိန်းနိုင်လို. လူငယ်သဘာဝလုပ်မိရင်
ဟာ ….ဘယ်လိုတွေလဲ…..ဒါပေမယ်.ဒီအရွယ်ဒီလိုဖြစ်တတ်တာပဲ ဒီဥပဒေတော.မကြိုက်တာအမှန်။
ဒါပေမယ်.မိတစ်ရာဖတစ်ရာသားသမီးထိန်းရတာဒီလိုမလုပ်၇င်ဘယ်ရမလဲဟုပြောစရာရှိသည်။
ဒါလည်း ပြီးပြည်.စုံသည်ဆင်ခြေဟုမဆိုနိုင်…..
 “ဟေ.ကောင် ဘာတွေစဉ်းစားနေတာလဲ”
“ လာပြန်မယ်”ကိုသန်းထွန်းဦးကဆွဲခေါ်မှသတိရကာအဆောင်ရှေ.တန်းလျားကိုပြန်လာမိသည်။
ထိုနေ.ကဂစ်တာဆက်မတီးဖြစ်တော.။ ဘယ်သူကကျောင်းထွက်ဘယ်သူကပတ်တီးနဲ. ၀မ်းနည်းစရာ
စိတ်ညစ်စရာတစ်ခုကိုအမှတ်မထင်ရလိုက်သည်။ဒါလည်း ကန်ရိုးအမေရဲ. သင်ခန်းစာတစ်ခုအဖြစ်
ကျွန်တော်.ဘ၀ဒိုင်ယာယီထဲမှတ်ထားလိုက်မိပါသည်။

                                                      ဆက်ရေးပါမည်။                                                                                
                                                 စောစော(အိမ်မက်ရဲတိုက်)
                                            ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး 
                                        ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်။




စစ်ဒေါင်း(၅)


ကျွန်တော်နှင့်သန်းဇော်ကျောင်းအပ်ပြီးဌားထားသော အဆောင်သို.ပြန်လာခဲ့သည်။
အဆောင်က ကန်ရိုးရွာလယ်လောက် ၊ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ရှေ.မျက်နှာချင်းဆိုင်
ဗမာလိုပြန်တော. “ဂန္တ၀င်”ပဲခူးကကိုညိုကြီး နာမည်ပေးကင်ပွန်းတပ်ထားတာက
    “CLASSIC”
   နှစ်ထပ်တိုက်ဆောင်လေး ၊ ဆောက်လုပ်ဆဲ တစ်ချို.နေရာတွေအချောမကိုင်ရသေး ၊
အုတ်ခဲတွေမြင်နေရသည်။အခန်းကာထားကအောက်ထပ်ပဲရှိသည်။အဆောင်ဝင်တန်းလျားလေး
တွင်စီနီယာကျောင်းသားကြီးကိုသန်းထွန်းဇော်၊ ကိုညိုကြီး ၊ ကိုလှရှင်း နှင့်ကိုသန်းထွန်းဦးတို.
ဖရက်ရှာတွေကိုကြိုဆိုသောအားဖြင့်ဂစ်တာတီးနေသည်။ကျွန်တော်နှင့်သန်းဇော်မိမိတို.နေရာ
ရထားသောအပေါ်ထပ်ကိုတက်လိုက်သည်။

  “လာညီလေးတွေ လာ လာ”
 “မင်းတို.ကျောင်းအပ်ပြီးပြီလား”
 အရပ်ရှည်၇ှည် နှင့်လူတစ်ယောက်ကနှုတ်ဆက်သည်။
“ဟုတ်ကဲ့ အပ်ပြီးပါပြီ ”
 ကျွန်တော် စကားပြောရင်း အခန်းမရ။ဟောထဲမှာနေရမည်ဖြစ်သဖြင့်ရထားသောနေရာကို
သေတ္တာထဲမှ မိုးကာကိုထုတ်ခင်းလိုက်သည်။သန်းဇော်ဘာမျှပြန်မပြော အပြင်ဝရန်တာမှခုံတွင်
သွားထိုင်ကာအပြင်ရန်ကုန်-မန္တလေးလမ်းမကြီးပေါ် ကိုငေးနေသည်။
စကားပြောရင်းထိုအစ်ကိုကိုရင်းနှီးခင်မင်သွားသည်။သူကEPဖိုင်နယ်ဇာတိကဒိုက်ဦးကတဲ့၊
နာမည်က ကိုကျော်ဇာနည်လင်း။
သူနားမှာထိုင်နေတဲ့ ၀၀တုတ်တုတ်ညီလေးကအခုမှလာတက်တာတဲ့သူ ၊သူ.အမေတောင်ပါသေး၊
တောင်ဥက္ကလာပက အောင်အောင်တဲ. ၊မြို.ပြမေဂျာရထားတဲ့သူလေးပေါ. ။
ကျွန်တော်သူတို.နှင့်စကားကောင်းနေချိန်
 “ဟေ.ကောင် ငါရေချိုးသွားမယ်လိုက်မလား”
 သန်းဇော်ကောက်ကာငင်ကာဖေါက်လာသည်။ဒါလည်းအဆိုးဆိုလို.မရနွေရာသီလတပေါင်း
ရာသီလေ ၊ အညာလောက်မပူသော်လည်း ၊ကန်ရိုးလောက်တော.ပူပါတယ်။ကေတုမတီထန်းတော
တွေမှာ ဘယ်ဘုရင်တွေနွေအပန်းဖြေကလပ်တွေဖွင့်ခဲ့တယ်ဆိုတဲ့သမိုင်းတွေရှိတယ်မဟုတ်လား။
သန်းဇော်နှင့်ရေချိုးရန်အဆောင်အောက်သို.ဆင်းလိုက်သည်။တစ်ယောက်တလှည့်ရေတုံကင်
နှိပ်ပေးရင်းရေချိုးကြသည်။အဆောင်ရှေ.ခုံတန်းလျားမှကိုညိုကြီးတို.ဂစ်တာသံကနားထဲသို.
တစ်ချက်တစ်ချက်ဝင်လာသည်။
 “နာမည်ဘယ်လိုခေါ်သလဲ….ဘယ်မှာနေတာလဲ…ဘာမေဂျာယူထားသလဲ..အချစ်ရဲ.
အဖြေများပြောပြပါ…..အဆောင်မှတာလား ….အိမ်ကိုပြန်မလို.လား…”

 ကန်ရိုးညနေခင်းကအညာလောက်တော.မပူ။သာယာလှသည်ဟုဆိုရပေမည်။စက်ဘီထွက်စီးပြီး
အကြော်ဆိုင်လက်ဖက်ရည်ဆိုင်ထိုင်၊သူ.အုပ်စုနှင့်သူသဘာဝကျကျကျောင်းသားအခွင့်ရေးရ
နေသည်ဟုပြောနိုင်သည်။တချို.ကရထားသံလမ်းသွားထိုင်လို.၊တစ်ခါတစ်ခါအရှိန်ပြင်းပြင်းမောင်းနှင်လာသောကုန်တင်ကားကြီးတွေ၊ ရေတာရှည်လိုင်းကားတွေမှ စပယ်ယာအော်သံတွေကလည်း
ကန်ရိုး ယဉ်ကျေးမှုလို.ကမ္ဘာကသိအောင်ပြနေသလိုလို။တစ်ခါတစ်ခါ အမေ.ကိုသတိရတာကလွဲရင်
အားလုံးကပျော်စရာတွေချည်းပါ ၊ကမ္ဘာကရွာဖြစ်ပြီလို.ပညာရှင်တွေကြွေးကြော်ကျတယ်
 ဒါပေမယ်. အမေ သားတို. ကန်ရိုးကိုကမ္ဘာဖြစ်အောင်လုပ်နေတဲ့ အင်ဂျင်နီယာလောင်းတွေလေ
သားတို.တစ်တွေ အနယ်နယ်အ၇ပ်ရပ်ကလာပေမယ်.တူညီတဲ့စိတ်ဓါတ်တွေနှင့်ညီအစ်ကိုမောင်နှမ
အရင်းတွေနဲ.မခြားကူညီရိုင်းပင်းကြပါတယ်တစ်ယောက်အားနည်းချက်ကိုတစ်ယောက်ဖေးမကူညီ
 ဒါမှလည်းကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်နဲ.လိုက်ဖက်မှာမဟုတ်လား…. ………….. အမေ
 “ဟေ.ကောင် ကိုအေးလွင်ဆိုင်ကျော်တော.မယ် ဒီမှာရပ်”
 ကိုကျော်ဇာနည်လင်းကစက်ဘီးဘရိတ်အုပ်ပြီးပြောသည်။
ဟုတ်ပါသည်၊ကျွန်တော်တစ်ယောက်တည်းဆက်နင်းနေတာ ။ကျန်တဲ့သူတွေစက်ဘီးဒေါက်တွေ
ထောက်လိုက်ကြလို.ညီညီစီစီလေး။
ဆိုင်ထဲတွင်လူအပြည်.၊ပဲခူးအုပ်စုတွေများတယ်ဟုကိုကျော်ဇာနည်လင်းကပြောသည်။
သူသိတာပေါ. သူကပဲခူးကောလိပ်တက်ဖူးသူ ၊ဒိုက်ဦးသားစစ်ကြီးလေ။
ကျွန်တော်တို.လွတ်တဲ့စားပွဲဝင်ထိုင်လိုက်သည်။စားပွဲထိုးဝင်လုပ်နေသောဆိုင်ရှင်ကိုအေးလွင်
လာသည်။
  “ဒီအဖွဲ.တွေ ဘာမှာမလဲ”
“ကျွန်တော်ကဆိတ်သား” “ကျွန်တော်.အတွက်ဘဲဥ”
“ ငါး ဗျာ”
“သန်းဇော် ငါကငါးမစားဘူး ဘယ်တုန်းကမှလည်းငါးမစားဖူးဘူး…၀က်ကလီစာရလား”
“ရ တယ်အဆုပ်တော.နည်းနည်းပါမယ်”
 “ရ တယ်ဝက်ကလီစာပဲပေး ”
ကျွန်တော်တို.အုပ်စုဟင်းမှာတာနှင့်မတူတော. ညောင်ပင်ဇရက်ကျတာလိုလို
ကပ္ပလီတွေအုပ်စုလိုက် ရက်ပ် ရွတ်တာ လိုလိုဖြစ်သွားသည်။
  ထမင်းစားပြီး စက်ဘီးကိုယ်စီနင်းကာပြန်လာကြသည်။ကားတွေဖြတ်သွားဖြတ်လာနည်းပြီမို.
ကျောင်း၏မျက်နှာချင်းဆိုင်လယ်ကွင်းတွေမှလာသောလေနုအေးတွေကနေလုံးပျောက်သွားသော
ကန်ရိုးညခင်းကိုအရည်သွေးမြှင့်နေသည်။သာယာလှလိုက်တာကန်ရိုးရယ် ဒါမျိုးညတွေပိုင်ဆိုင်ခွင့်ရ
တာ ဘ၀ကိုအင်ဂျင်နီယာမဖြစ်ခင် …သဘာဝကိုခံစားတတ်တဲ့အနုပညာဥာဏ်တွေကိုမျိုးစေ့ချပေးနေသလို
တစ်ခါတစ်ခါ ခံစားတတ်နေပြီ….အမေ
 “ကျွီ …..”
 ယောနသံအဆောင်ဘေး ရွာလမ်းမှဖြတ်တက်လာသောစက်ဘီး
 တိုက်မိတော.မလိုဖြစ်သွားသည်။
 ဘာမျှပြန်မပြောကိုယ်.စက်ဘီးကိုယ်ကိုယ်ထိပ်တိုက်အနေထားမှလွှဲလိုက်ပြီး
ပြန်နင်းလာခဲ့သည်။ဘာတွေများအရေးကြီးနေတာလဲဒီလောက်တောင်ငါကလမ်းမကြီးပေါ်က
စီးလာတဲ့စက်ဘီး …..မှားရင်းမှာသူပဲမှားမှာပေါ.………
 ဒါပေမယ်. လွယ်အိပ်ထဲမှာ အင်ဂျင်နီယာတွေDRAWINGဆွဲတဲ့ တီတစ်ချောင်းနဲ.ပါလား
ညကျောင်းများရှိလား..အဆောင်ရောက်မှဖိုင်နယ်ကအစ်ကို ကြီးတွေကိုမေးရအုန်းမယ်….
ဒီလောက်မှောင်နေတာတောင်အသားရေက၀င်းနေတာပဲ
 စက်ဘီးချင်းတိုက်မယ်ဖြစ်တာတောင်မျက်နှာမှာ…သိပ်စိုးရိမ်ပုံမရ..တည်ငြိမ်လှပုံကစံတင်
လောက်ပါရဲ….မြန်မာဆန်ဆန်ဝတ်ထားပုံနဲ. ………ဆံပင်ကကျောလယ်လောက်ဟာ…….
ဒါတွေ…………မတွေးချင်ဘူး ……….ဟီးဟီးတွေးပြီးပြီမင်းမရတော.ဘူး…….မင်းသစ်တည်

                                          ဆက်ရေးပါမည်။                                                                                
                                              စောစော(အိမ်မက်ရဲတိုက်)
                                            ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး 
                                      ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်။







စစ်ဒေါင်း(၄)


ကျောင်းရှေ.တွင်ဆိုက်ကားတွေ ကားတွေဆိုင်ကယ်တွေပြည်.နေသည်။ကျွန်တော်တို.
နှစ်ယောက်လုံးညကရထားပေါ်မှာ မမြင်လိုက်ရသောတောင်ငူ GTI အားရအောင်ကြည်.
ပစ်လိုက်သည်။တချို.ကျောင်းသားတွေကရယ်စရာ ကျောင်းအပ်လာတာမိဘတွေလက်ဆွဲလို.။
တစ်ချို.ကျောင်းသားအိုကြီးတွေကိုလည်းတွေ.ရသည်။အိမ်ထောင်ကျပြီးပြီလားဟီးဟီး ။
အလုပ်ထဲကလာတက်သူတွေ ၊အခြားကျောင်းတွေပိတ်လို.လာတက်သူတွေပါစုံလင်လှပါသည်။
တချို.ကအသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေပိတ်လို.လာတက်ကြတာတဲ့။
ကျွန်တော်နှင့်သန်းဇော်ကျောင်းဝင်းလမ်းကလေးတစ်လျှောက်ဝင်သွားလိုက်ကြသည်။




 “ဗိုက်ဆာတယ်ကွာ ကန်တင်း အရင်သွားမယ် ”
 သန်းဇော်ခေါင်းကိုကုတ်လိုက်ပြီး
 “ဟာ မင်းဟာကလဲ ကျောင်းတောင်မအပ်ရသေးဘူး”
 “ဒီလောက်လူအုပ်နဲ.ဆို တန်းစီရမှကွလက်ဖက်ရည်သောက်ပြီးအပ်ပြန်လာတဲ့သူတွေကို
   မေးမယ်ကွာ လာ ကန်တင်းဘယ်နားတုန်းအရင်မေးလိုက်မယ်”
  သန်းဇော် ကျွန်တော်. အစီစဉ်ကိုသိပ်ကြိုက်ပုံမရ ။မပြောချင်သောကြောင့်သာလိုက်လာသည်။
ကန်တင်းက ဘောလုံးကွင်းရှေ. ။လေးကျော်တင်ဘုရားကိုကျောခိုင်းထားလျက် ။
ဈေးဆိုင်သုံးဆိုင်မှာ အစွန်ဆုံး ။ အလယ်ကကွမ်းယာဆိုင်နှင့်စာရေးကိရီယာနည်းနည်း
ပါးပါးရောင်းပုံရသည်။နောက်ဟိုဘက်အစွန်က အကြော်ဆိုင် ဆံပင်ဖြူနေသော အဘိုးကြီးတစ်ယောက် စားပွဲထိုးနေသည်။ကျွန်တော် အကြော်တစ်ပွဲ လက်ဖက်ရည်ဆိုင်
(ကန်တင်း)ကိုလာပို.ရန်မှာကြားပြီး ကန်တင်းထောင့်အစွန်ကျသောစားပွဲကိုရွေးထိုင်
လိုက်သည်။
         ကန်တင်းမှ စားပွဲထိုးလေး ခုံကိုသုတ်ပေးကာ
  “ အစ်ကိုတို. ဘာသောက်ကြမလဲ ”
  ကျွန်တော် လက်ဖက်ရည် ကိုဆိုင်တိုင်းမသောက်တတ် ၊ မကောင်းရင်ဆိုသောအတွေးက
 “ကော်ဖီမစ် ဆူပါပဲ ပေးကွာ ”
 သန်းဇော် ဘောလုံးကွင်းဘက်အူကြောင်ကြောင်ငေးကြည်.နေသည်။
 ကျွန်တော်လက်ဖြင့်သူ.ပုခုံးကိုပုတ်လိုက်ပြီး
   “မှာလိုက်လေ ဘာတွေငေးနေတာလဲ”
  သန်းဇော် ကြောင်တောင်တောင်ကြီးကြည်.လိုက်ပြီး
   “မနက်ကြီးစာမစားရသေးဘူး မင်းအကြော်မှာ ပြီးပြီမဟုတ်လား”
 “ဟီးဟီး တောသားတွေလေ ”
   ဘေးဝိုင်းမှ ကောင်မလေးတအုပ်ပြု့းဖြီးဖြီးလုပ်နေသည်။ပြောတဲ့ကောင်မလေးက
ကျွန်တော်နှင့်မျက်လုံးချင်းအဆုံမခံ ၊မျက်နှာလွဲသွားသည်။ဟုတ်ပါသည်။သူတို.ပြောတာ
မမှားပါ။အညာသံမပျောက်၊အခုမှရောက်တာတစ်ညအိပ်ပဲရှိသေးသည်။ရှက်စရာမဟုတ်ဟု
ခံယူလိုက်သည်။အနေထိုင်မပျက်ဆက်နေလိုက်သည်။
 “အစ်ကို ဆေးလိပ်မှာ အုန်းမလား”
 စားပွဲထိုးလေးက ရေနွေးဓါတ်ဘူး ၊ ကော်ဖီမစ်လာချပေးရင်းမေးသည်။
ကျွန်တော်လက်ကာပြလိုက်သည်။သန်းဇော်ဗိုက်ဆာမည်စိုးသဖြင့်အကြော်ဆိုင်မှ
အကြော်ပွဲကိုပြေးယူလိုက်သည်။
 “ရော. စား…..”
 သန်းဇော် အိမ်ကိုလွမ်းနေပုံရသည်။စကားသိပ်မပြော ။ကျွန်တော် ကော်ဖီမစ်ခွက်ထဲ
ဇွန်းဖြင့်မွှေကာတွေးချင်ရာတွေးနေလိုက်သည်။
 “မင်းအိမ်ကိုသတိမရဘူး လား”
 သန်းဇော် စကားကဆန်းနေသည်။အိမ်ကလာတာဒီနေ.မှ သုံးရက်၊ ဒါတောင်ညမအိပ်ရသေး။
သူ.လိုပြောရမည်ဆိုကျွန်တော်.မှာတွယ်တာစရာ အမေတစ်ခုသားတစ်ခု ၊ ဆွေမျိုးတွေဆိုနယ်စပ်
ကပြည်နယ်တွေမှာ ။ ဒါပေမယ်.လူမကြောက်တတ် ၊ အမေကပွဲရုံလုပ်ငန်းက တစ်ရက်တစ်ရက်
လာသူမနည်း နေ.တိုင်းမပြောချင်အဆုံး၊မမြင်ချင်အဆုံး ။ တစ်ယောက်တည်းနေတတ်သူမို.
တစ်ခါတစ်ခါစိတ်တောင်ပျက်မိအောင်လူဝင်လူထွက်များလှသည်။
   “ဟာကွာ မင်းကလည်းရောက်တာမကြာသေးဘူး ဒါတွေ မတွေးနဲ.ကွ”
“ လာ..  ..ပိုက်ဆံရှင်းပြီးတို.ကျောင်းအပ်ဖို.နေရာကိုမေးပြီးသွားမယ်”
စားပွဲထိုးကပြောပြသောကြောင့်ကျောင်းအပ်ရန်နေရာသို.နှစ်ယောက်သားလျှောက်
လာခဲ့ကြသည်။လူတွေကမနည်း ၊ဒီနေ.အပ်ပြီးလျှင် ကံ့ကောင်း လှသည်ဟုဆိုရမလိုဖြစ်
နေသည်။လူအုပ်ထဲတိုးဝင်ကာလုပ်စရာရှိတာလုပ်ကြသည်။သန်းဇော်ရောကျွန်တော်ပါမော
သွားသည်။ကော်ရစ်တာပေါ်လူကမနည်းလှ မတ်တပ်ရပ်ရန်နေရာပင်လုံလောက်စွာမရှိပေ။
 “လာ အစ်ကိုတို.ထိုင်စရာမရှိရင် ဒီလာထိုင် ဗျာ”
 သေတ္တာနှစ်လုံးစီချထားပြီး ထိုင်နေသော အရပ်ပုပုလူငယ်ကပြောသည်။
 ကျွန်တော်ပြုံးပြလိုက်ပြီးလက်ကာပြလိုက်သည်။ထိုင်ချင်တဲ့စိတ်တော.ရှိသည်။ဒါပေမယ်.
အခုမှဘယ်သူဘယ်ဝါမှန်းမသိရောရမှာအာရုံနောက်သောကြောင့်စိတ်ကိုချုပ်တည်းလိုက်
မိသည်။
   “အခုမှ ကျောင်းအပ်လာတာလား ဘာမေဂျာလဲ”
 ထိုအရပ်ပုပုလူငယ်ကဆက်ပြောသည်။
   ကျွန်တော်ဟန်ဆောင်မနေချင်တော.
 “လာသန်းဇော်သွားထိုင်ရအောင် ညောင်းလှပြီကွ”
  ကျွန်တော်နှင့်သန်းဇော် ထိုလူနဲ.အဖွဲ.ကျသွားသည်။သူ.မှာလည်းအခြားသူငယ်ချင်းတွေပါ
သေးသည်။သူ.နာမည်ပြောပြသည်။
 “ကျွန်တော်က စိုးထွေးပါ MTမေဂျာရတယ်လေ အခြားတစ်ယောက်ပါတယ်
  ရဲကျော်ကျော် သူလည်းMTပဲလေ”
    ရဲကျော်ကျော်ဆိုသူ လက်ထဲတွင်ရေသန်.ဘူးကိုင်ကာရောက်လာသည်။
သူတို.သေတ္တာပေါ်တွင်ထိုင်စကားပြောရင်းစိတ်နည်းနည်းပျော်လာမိသည်။ကျောင်းသား
ဘ၀ဆိုတာဒါပဲဟုအမြည်းသဘောလောက်ခံစားလိုက်ရသည်ဟုဆိုနိုင်ပေမည်။
 “ခင်ဗျားတို. နာမည်တွေလဲပြောအုံးလေဘာမေဂျာတွေရထားလဲ”
 စိုးထွေးဆိုသူကနှုတ်သွက်လှသည်။ကျွန်တော်မေ.နေသာကြောင့်ဟုတောင်းပန်လိုက်ပြီး
 “သူက သန်းဇော်MT ပဲကျွန်တော်လည်းအတူတူMTပဲ”
 ရဲကျော်ကျော်ဆိုသူက“ ခင်ဗျားနာမည်လဲမပြောဘူး နာမည် တောင်နှမြောတယ်”
“ဟွန်း မိန်းခလေးကျနေတာပဲ”
 ကျွန်တော်က ကိုယ်.နာမည်ပြောရမှာတကယ်ခဲယဉ်းလှသူပါ ၊ ဒါလည်းဗီဇမကောင်း
အားယူပြီးပြောချလိုက်သည်။
   “ မင်းသစ်တည်”
        “မင်းသစ်တည်”
            “မင်းသစ်တည်”
              ကန်ရိုးရွာအတွက်ဂျိုဆိုးတစ်ယောက်ဖြစ်မလာချင်ဘူး ။ လောကကြီးကိုပညာ
နဲ.အလှဆင်ပေးချင်သူ …မင်းသစ်တည်ပါ အမေ……..
                                    
                                                   ဆက်ရေးပါမည်။
                                              စောစော(အိမ်မက်ရဲတိုက်)
                                            ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး 
                                      ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်။







Tuesday, April 16, 2013

စစ်ဒေါင်း


အင်းရေက နောက်နေသည်။ရေပိုးဖမ်းသောအဖွဲ.တွေမီးရောင်ကမှိန်ပျပျ ၊ အပြာေ၇ာင်။လမသာညမို.လားမသိ
ကောင်းကင်နှင့်လိုက်ဖက်သောညဟုခံစားမိသည်။ကျွန်တော်နှင့်ဦးထွေး တဲဝရန်တာမှာလေညှင်းခံကာ အရက်
တစ်လုံးကုန်အောင်သောက်ပစ်လိုက်သည်။မအူပင်ရေနက်ကွင်းဟုပြောရလောက်အောင် ခြင်တွေကသောင်း
ကျန်းလွန်းလှသည်။ခြင်အန္တရာယ်အတွက် တဲအောက်တွင် နနွင်းတက်ကိုလွှစာမှုန်.နှင့်ရောကာ မြေအိုးထဲ
ထည်.ကာမီးဖိုထားရသည်။ဒါတောင် မလွယ်လှ လက်တွင်ကိုက်ခံထားရသောအဖုအပိန်.တွေ ၊ အိပ်ယာထဲ
ခြင်ထောင်အပြင်ကဂျပန်ခေတ်က ကျွဲညီနောင်ပျံသလိုလာကြသော ကိုယ်ရွှေခြင်ဆွေတော်ရှစ်သောင်းမျိုး
တော်ပေါင်းကနှိပ်စက်လှသည်။
        ဦးထွေး၏သား မောင်ဦးက အရက်ခွက်တွေရေခွက်တွေပုလင်းခွံပါသိမ်းလိုက်သည်။ထမင်းပွဲပြင်ရန်
ဟူသောရည်ရွယ်ချက်ဟုသဘောပေါက်လိုက်သည်။ဦးထွေးကတဲနံရံမှီနေပြီး အညာမှပို.ပေးသော ပြောင်းဖူး
ဖက်ဆေးလိပ်တုတ်တုတ်ကြီးကိုမီးညှိ ကာအားရပါးရဖွာနေသည်။ကျွန်တော်ထမင်းဝိုင်းဘက်ကူညီလုပ်ကိုင်
ပေးမယ်ဟုစိတ်ကူးဖြင့်လာစဉ် ……….        “ဟာငါးဟင်း”………….
      ဘ၀တွင်ငါးဟင်းကိုမြင်တိုင်း လူနှစ်ယောက်ကို သတိရတာအမှန်။ နှစ်ယောက်လုံးက မိန်းမတွေချည်း။
နားထဲမှာရော နှလုံးသားမှာ ပါ  သူတို.ဒဿနတွေ စကားလုံးတွေအပြည်.ဒီငါးဟင်းကကျွန်တော်.အတွက်
ပြဿနာ အတိတ်တစ်ခုကိုခေါ်ဆောင်နေပြီ။ငြိမ်း၏စကားလုံးတွေနားထဲပဲ့တင်ထပ်သွားသည်။
        “ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
       “ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
     “ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
…………………………………..
………………………………………………………………………….
…………………………………………………………………………………………
ဟုတ်ပါတယ်။ အခုငြင်းမရတော.ပါ။ သူဌေးသားလဲမဟုတ် ၊ အင်ဂျင်နီယာလဲမဖြစ် ၊ ……..
တသက်လုံးမစားချင်ဘူးငြင်းလာသောငါးဟင်း။
           တသက်လုံးမလုပ်ရတော.ဘူးထင်တဲ့အလုပ်တွေလုပ်နေရပြီလေ။
  ငြိမ်းရယ် …..မေမေရယ် …..ဒီနှစ်ယောက်ကကျွန်တော်.နှလုံးသားကိုထက်ခြမ်းခွဲသိမ်းပိုက်ထားကြသည်။
မေမေက လောကကြီးကိုကျသလိုမုဆိုးမအဖြစ်ရုန်းကန်ပြီးကျွန်တော်ကိုထုဆစ်ခဲ့တယ်။ဒါပေမယ်. အခုပုံစံမျိုး
မြင်ရင်အမေကျေနပ်မှာ မဟုတ်ဘူး။ အမေတစ်ခုသားတစ်ခု ပွဲရုံပိုင်ရှင်သဌေးသားဘ၀ “ကလေးကစာတော်
အင်ဂျင်နီယာကျောင်းတက်နေတယ်”ဆိုအမေ ပတ်ဝန်းကျင်ကိုဂုဏ်ယူပြောဆိုတတ်သည်။အခုတော. …
    အမေ လောကကြီးကခွဲခွာတာစောတယ်အမေ …..သားကျောင်းမပြီးသေးဘူး…..အမေ့နာရေးအပြီး
အညာမှာ အမေ.ပွဲရုံကလူတွေကိုသားမှာခဲ့တာအမေကြားပါစေ
    “ဦးမြင့်တို.က သားကို ငယ်ငယ်ကတည်းကထိန်းကျောင်းတဲ့  မေမေ.လူယုံတွေပဲစိတ်ချပါတယ်သားကျောင်းပြန်တက်ရအုံးမယ် ”
        အခုတော. …………………
              ပွဲရုံကိုစာရင်းဖျောက်ချင်တာမီးရှို.ပြီး ထောင်ထဲတစ်ယောက်ဝင်ပြီး ပြဇာတ်အသစ်တွေကသွားတယ်
မေမေ…………
    သားအညာကိုမပြန်ချင်ဘူး………တောင်ငူGTI ကထွက်လာပြီး   ရန်ကုန်မှာကျရာလုပ်ကြုံရာအိပ် ဘ၀ကို
ခပ်ကြမ်းကြမ်းဖြတ်သန်းပျံသန်းတတ်နေပြီအမေ……….
   အမေ…. ငြိမ်းက  သားကိုပြောတာတွေ မှန်နေပြီ ……
       သူဌေးသားဆိုတာဆေးလိပ် ဖင်စီခံတဲ့
          အဲဒီတုန်းကနာတယ် ….မခံချင်ဘူး……
     အခုတော.                     …………………..မနာတော.ဘူး
  အမေမရှိတော.ဘူး   ………ငြိမ်းလည်းဘယ်ရောက်နေမှန်းမသိဘူး……
 ကန်ရိုးလည်း ပြန်မေ၇ာက်ဖြစ်ဘူး………………………………
       ကွန်းခိုရာက တွတ်ပီပုံကပြောတယ်   “မင်းဒီနေ.ကံမကောင်းဘူး”
 ဟားဟား တစ်ဘ၀လုံးဘယ်လိုကောင်းနိုင်မလဲ …..(ပြန်ပြောတတ်နေပြီ……အမေ)
“ဟေ.ကောင်…. ဘာတွေစဉ်းစားနေတာလဲလက်ဆေး ထမင်းစားမယ်”
   ဦးထွေးအသံက ကျွန်တော်.အတိတ်တွေကို ဖျက်ဆီးပစ်လိုက်သည်။
ဟုတ်ပါတယ်၊ အတိတ်ကိုအတိတ်မှာမထားခဲ့နိုင်ရင် ဘာတွေဖြစ်မယ်ဆိုတာသားသိနေပြီအမေ…
ကျွန်တော်မကြိုက်သောငါးဟင်းကိုကြိတ်မှိတ်မျိုချလိုက်သည်။ အင်းထဲကငါး ၊ အစာအိမ်ထဲညှီစော်နံစွာဝင်သွားသည်။ထမင်းစားပြီးရင်ရန်ကုန်ကဖောက်သည်တွေနံနက်ရောင်းရန် ဘဲဥပို.ရမည်။ဘ၀ကကြမ်းလှသည် စိတ်မပျက်တတ်တော. ပတ်ဝန်းကျင်နှင်.သဟဇာတမျှအောင်နေရင်း
ပျော်စရာတွေကျေနပ်စရာတွေ ဧည်.သည်အဖြစ်ကျွန်တော်.ထံရောက်လာကြလိမ်.မည်။

                                                     ဆက်ရေးပါမည်။
                                               စောစော(အိမ်မက်ရဲတိုက်)
                                             ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး
                                          ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါသည်။
                                       


စစ်ဒေါင်း(၂)




တီအီးမော်တော်ကားကြီးကမအူပင်ရေနက်ကွင်းမှရန်ကုန်မြို.တော်ကြီးဆီဦးတည်မောင်းနှင်နေသည်။
ရေနက်ကွင်းမှအထွက် လမ်းမကြီးက တာဘောင်ပေါ်ဖေါက်ထားသောလမ်းဖြစ်ပေမယ်.မဆိုး၊မျဉ်းတစ်
ကြောင်းလိုဖြောင့်တန်းနေသည်။ညရှု.ခင်းပေမယ်. တဲကလေးတွေမီးမှိန်မှိန်ပျပျ ၊ လရောင်မှိန်မှိန်ရေ
ပြင်ကျယ်ကျယ် ၊ တောပုရစ်သံတွေ၊ကွင်းပြင်ကျယ်မှတိုက်ခတ်သောလေနုအေးတို.နှင့်သဘာဝပန်းချီ
ကားတစ်ချပ် ။ကျွန်တော်.ဘေးမှတီအီးကားဒရိုင်ဘာဦးကုလားကြီး ငြိမ်သက်စွာ  ကွမ်းတမြုံမြုံ.ကား
ကိုပိုင်နိုင်ကျွမ်းကျင်စွာမောင်းနှင်နေသည်။
     ကျွန်တော် ကားမှန်မှဘေးရှု.ခင်းတွေကြည်.နေသော်လည်းစိတ်တွေက တရွေ.ရွ.  ………………
…………………………………………….
 …………………………………………………………..
   ………………………………………………………………………

   “အမေ သားစာမေးပွဲအောင်တယ် သင်္ချာဂုဏ်ထူးပါတယ်”
       ပွဲရုံကောင်တာစားပွဲပေါ်တွင်စာရင်းလုပ်နေသော အမေကိုပြေးဖက်ရင်းပြောလိုက်သည်။
အမေက မထူးဆန်းပဲပြုံးကာကြည်.နေသောမျက်လုံးကို မျက်မှန်ကြားမှမြင်နေရသည်။
   ပြီးမှကျွန်တော်.လက်မောင်းကိုဖွဖွလေးကိုင်လိုက်ပြီး
  “ အမေ.ရဲ့တစ်ဦးတည်းသော ….အမေ.သားလေးကအခုမှ တော်တာမဟုတ်ဖူးလေ…..
       ငယ်ငယ်ကတည်းက မူကြိုတက်တာသူငယ်တန်းစာအကုန်ရတယ်….မနှစ်ကလည်း
ညံ.လို.ဆယ်တန်းကျတာမဟုတ်ဘူးလေ ….အပေါင်းသင်းကြောင့်ဆိုတာမေမေသိတယ်”
  ဟုတ်ပါသည်။ကျွန်တော်အပေါင်းသင်းတစ်ယောက်က သင်္ချာဖြေပြီးစာမေးပွဲကျမယ်သိလို.
ဘော်ဒါဆောင်သွားရန်နှုတ်ဆက်ပွဲကသောက်ထားသောအရက်ကဒုက္ခပေးဖူး၏။
  မှတ်မှတ်ရရ သိပ္ပံဘာသာတွဲနေ.   အရက်နာကျရင်းခေါင်းကိုက်နေသောကြောင့်စာမေးပွဲခန်းထဲ
ကြိတ်မှိတ်ပြီးရသလောက်စာဖိရေးနေသည်။ ရှေ.ကဖြေနေသောကျောင်းသားကနောက်လှည်.ပြီး
ပြုံးပြသည်။ကျွန်တော်မသိဘဲပြုံးပြသောကြောင့်ထူးဆန်းသည်ဟုတွေးမိလိုက်သည်။ ခေါင်းက
တစစ်စစ်ကိုက်နေသည်။ ထိုကျောင်းသားလက်မှစက္ကူတစ်ထုပ် လှမ်းပစ်လိုက်သည်။တည်.တည်.ပဲ
ကျွန်တော်.ပုဆိုးထဲလာကျသည်။ဆယ်တန်းကျောင်းသားပဲဒီလောက်မအဘူးလေ။ဒါပေမယ်.
ပြဿနာကဘယ်လိုရှင်းရမလဲဖြစ်ကုန်ပြီ ။ကျွန်တော်ငယ်ငယ်ကပင်စာမေးပွဲကိုခိုးချပြီးမဖြေတတ်။
သူများပစ္စည်းလဲမခိုး (မူလတန်းကတည်းက နွေရာသီကျောင်းပိတ်လျှင်ဘုန်းကြီးကျောင်းမှာဘုန်းကြီး
စာသွားသင်တုန်းဆုံးမတာတွေ နားထဲကမထွက် ငါးပါးသီလမလုံရင်လူမဟုတ်ဘူး )
လူတကိုယ်လုံးပူထူလာသည်။သူ.ကိုပြန်ပေးရမလား၊ ဒါလည်းမဖြစ်နိုင်သူကငါ.ကိုစေတနာနဲ.
ပေးတာပဲ ၊ အခန်းစောင့်ဆရာမကိုအပ်ရမလား၊ ဒါလည်းပြဿနာ ငါ.လက်ထဲကရတာဆိုပြီး
ရှုပ်ကုန်မှာ …..ဟာ ………

 ကျွန်တော် အတွေးတစ်ခုဝင်လာသည်။
  “ဆရာမ  အပြင်ထွက်ချင်လို.ပါ”
         ဆရာမကအခန်းထိပ်မှ မတ်တပ်ရပ်နေသောကျွန်တော်.အသံကြောင့်
                         “ အေးရတယ်  သွား သွား”
     ကျွန်တော်ရထားသောစာရွက်ထုပ်ကို ပုဆိုးခါးပုံစာတွင်ထည်.လိုက်သည်။
 ဆရာမပြေးလာသည်။မျက်လုံးကြီးတွေမီးတောက်တွေတ၀င်းဝင်းပြူးနေသည်။
  “  မှန်း မင်းပုဆိုးပြန်ဖြေစမ်း ”
       ကျွန်တော်မိုးကြိုးထိသွားပြီ။ကျွန်တော်မလိမ်တတ်ပါ ။ခါးပုံစာထဲမှ စာရွက်ထုတ်ကိုပေးလိုက်
သည်။
        “ဒါမင်း ဟာလား”
  ကျွန်တော်မဖြေ ခေါင်းကိုငုံထားလိုက်သည်။
   “မင်းကိုမေးနေတာလေ ပါးစပ်ကပြောလေ”
 ကျွန်တော်.ဆီ ပစ်ပေးသောကောင်နောက်တောင်လှည်.မကြည်.။ဒါပေမယ်.ကျွန်တော်
ကိုယ်ချင်းစာပြီးမပြောချင်(သူမသိတတ်တာ သူ.သမိုင်း)
  “မေးနေတာဖြေလေ”
    အခြေနေပိုပြီးတင်းမာလာသည်။ ညကသောက်ထားသောအရက်ကလည်းခေါင်းကိုထိုးကိုက်စေသည်။ကျွန်တော်ထူပူလာသည်။
ဆုံးဖြတ်ချက်အမြန်ချမှဖြစ်မည်။
    ဆရာမကို မျက်လုံးချင်းဆိုင်ကြည်.လိုက်သည်။
   “ဆရာမ ကျွန်တော်မလိမ်တတ်ဘူး ကျွန်တော်.ဟာမဟုတ်ဘူးဘယ်သူ.ဟာလဲထပ်မမေးပါနဲ.”
     ဆရာမပါးစပ်အဟောင်းသားဖြစ်သွားသည်။
     “ရတယ် တာဝန်အရဆိုမင်းရုံးခန်းလိုက်ခဲ့”
    ကျွန်တော်  စဉ်းစားရကြပ်သွားပြီ။လူမိုက်လုပ်ချင်လာသည်။
     ကျွန်တော် ဆရာမလက်ထဲမှ စာရွက်တွေကောကျွန်တော်.အဖြေလွှာမေးခွန်းစာရွက်တွေပါ
အားလုံးစုကိုင်ကာအခန်းတွင်းမှပြေးထွက်ခဲ့သည်။
   
 “သားဘာတွေစဉ်းစားနေလဲ သား အခုဘယ်သင်တန်းတွေတက်မလဲ”
     အမေ.မျက်လုံးတွေကိုစိုက်ကြည်.နေမိသည်။ကျွန်တော်ဆယ်တန်းပထမနှစ်ကျသောအဖြစ်ကိုအတွေးထဲမှာဖူးစတော.ချလိုက်သည်။အမေက ဒီသားတစ်ယောက်တည်းမို.ပိုချစ်တာလား အမေ ။တကယ်ဆိုအမေနှင့်ကျွန်တော်ကဒီအညာမြို.ကလေးမှာ မနေသင့် ၊ ဆွေးမျိုးရယ်လို.မယ်မယ်ရရ
လည်းမရှိ။အဖေက၀န်ထမ်းဘ၀နှင့်ပြောင်းလာပြီးဒီမြို.ကလေးမှာခေါင်းချသွားသည်။
ဒါလည်းအမေ၏ဇာတိကိုမပြန်ဖြစ် ၊ရှိတာလေးတွေထုခွဲပြီး အရင်းနှီးလုပ်ကာဈေးသည်
ကုန်သည် ထိုမှတဆင့်ပွဲရုံပိုင်ရှင်အဖြစ်မိန်းမသားတစ်ယောက်နဲ.မလိုက်ရုန်းကန်ခဲ့သည်။

  “အမေ ရန်ကုန်မှာ ကွန်ပြူတာသင်တန်းတက်ချင်တယ် ပြီးရင်GTI လျှောက်မယ်”

 အမေအားရပါးရပြုံးလိုက်သည်။ကျွန်တော်.လက်မောင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး
ကျွန်တော်.နဖူးလေးကိုအသာယာနမ်းလိုက်ပါသည်။ပြီးမှ ကျွန်တော်.နား နားကိုကပ်ပြီး

         “ မင်းအဖေက ပြောဖူးတယ် မင်းကိုငယ်ငယ်ကတည်းက ဒီကောင်အင်ဂျင်နီယာဖြစ်မှာ..ကွ ..မိန်းမ တဲ့”
  

 ဟုတ်ပါတယ်ကျွန်တော်အငယ်ကဖျက်ဆီးပစ်ခဲ့သောကစားစရာများမှာအိမ်တွင်တောင်းကြီးတောင်း
ငယ်နှင့်မဆံ့ ။ဗလာစာအုပ်ဝယ်တယ်လို.အော်တဲ့လူလာရင်အမေရောင်းပစ်လိုက်တာလည်းမနည်းပါ။

                                            
                                                   ဆက်ရေးပါမည်။
                                              စောစော(အိမ်မက်ရဲတိုက်)
                                            ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး 
                                      ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်





စစ်ဒေါင်း(၃)


အမေ ကအထုပ်တွေပြင်ပေးနေသည်။ကားကအမေ.မိတ်ဆွေကား သူ.ကုန်တွေလာတိုက်ရင်း
ပျော်ဘွယ်ထိလမ်းကြုံလိုက်ရမည်။ထိုမှတဆင့်တောင်ငူGTI ကို သွားရမည်။ ရထား နှင့်တဆင့်
သွားရဖို.အခြေနေက များသည်။သန်းဇော်ကိုပါတစ်ပါတည်းခေါ်သွားရန်အမေစီစဉ်နေသည်။
 “သားရယ် ကိုယ်.ထက်ငယ်သူကိုကူညီလိုက်ပါ သူကောသားပါတစ်ခါမှမရောက်ဖူးတဲ့နေရာလေ
   ကိုယ်.တစ်မြို.တည်းသားတွေလေ ချစ်ချစ်ခင်ခင်စည်းလုံးမှပေါ.သားရဲ. ”
 ကျွန်တော် အငယ်တည်းက တစ်ယောက်တည်းနေသားကျနေသူမို. အပေါင်းသင်းမရှိလှ ၊ဂိမ်းစက်
နှင့်စူပါမာရီရို ၊ အမေ.ကိုတရားလာပြပေးသော ၀ိပဿနာဆရာကြီး ၊ ကျွန်တော်အိမ်ကအလုပ်လုပ်
ကြသော အလုပ်သမားမိသားစုတွေနှင့်သာနေတတ်သည်။ ၀ိပဿနာပြပေးသောဆရာကြီးက
ကျွန်တော်ဆယ်တန်းတုန်းက ENGLISHပြပေးသည်။ သူ.ကျေးဇူးနှင့် စာပေစာအုပ်စာတမ်းဖတ်ရ
ကောင်းမှန်းသိလာသည်။ဆရာကြီးကိုတောင်ငူGTI ၀င်ခွင့်ရသောကြောင့်နှုတ်ဆက်ကန်တော.ခဲ့
သည်။
           “အေး ငါ.တပည်. မင်းကို  အထူးထွေ မှာစရာမလိုဘူးထင်တယ်
         ဘ၀မှာ မေဂျာ မိုင်နာ ကွဲအောင်သိပြီးလုပ်သင့်တာလုပ်ခွင့်ရပါစေ
           မရရင်လည်း ရအောင်ကြိုးစားနိုင်ရမယ်ကွ”
   ကျွန်တော်သန်းဇ်ာနှင့် ကုန်တင်ကားပေါ်ပစ္စည်းတွေတင်လိုက်သည်။သေတ္တာတွေကအိမ်က
အလုပ်သမားတွေတင်ပြီးသားမို.ခရီးဆောင်အိပ်လောက်သာတင်ရသည်။ အမေ.ကိုထိုင်ကန်တော.လိုက်သည်။အမေကားထွက်သွားတာတောင်အိမ်ရှေ. တံခါးလေးကို
ကိုင်ကာ ကျန်နေရစ်သည်။ ကျွန်တော်မြင်ပါသည်။မျက်လုံးမှာ မျက်ရည်စတွေစို.လို. ဒါပေမယ်.
နှလုံးသားကိုဦးဏှောက်ကဖိအားပေးရင်တော.“ငါ.သားတစ်နေ.အင်ဂျင်နီယာကြီး သူ.အဖေလို
ဖအေတူသားကြီး”  ……………………………….
……………………………………………………………………
    ကားကြီးက  ကန်ပြားလမ်းခွဲမှ နတ်မောက်ဘက်ကိုဝင်လာသည်။ကုန်တင်ကားနှင့်လမ်းကဆိုးသောကြောင့်တစ်ခါတစ်ခါ ဒရိုင်ဘာဘက်လဲကျမသွားအောင် ဒက်ရှဘုတ်ကိုကိုင်ထားလိုက်ရသည်။လမ်းဘေးတွင်
ထန်းပင်တွေခြောက်သွေ.နေသောယာခင်းများကိုမြင်နေရသည်။ လေတိုက်လျှင်တောင်လေပူတိုက်သောအညာရာသီဥတုက မနှိပ်လှတာတော.အမှန် ၊.......။
ကားကအိပ်စပရက်မဟုတ်အဲယားကွန်းမပါ ၊ပြတင်းပေါက်ကလေတိုက်နေသော်လည်း
မအေးလှ ။ တဖြည်းဖြည်းညနေမှောင်လာသည်။သိပ်မမောင်းလိုက်ရ ကျွန်တော်တို.
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ဇာတိမြို.နတ်မောက်သို.ရောက်ရှိလာပြီ။

 နတ်မာက်မြို.မှလှိုက်လှဲစွာကြိုဆိုပါ၏

       ကားသမားက တောင်ငူGTIတက်မယ်.အင်ဂျင်နီယာလောင်းတွေဟုအထင်တကြီး
ထားပြီး ကားကိုတ၇ုတ်စာရောင်းသောစားသောက်ဆိုင်ဆီမောင်းဝင်လိုက်သည်။ ဖုန်တွေကတော.
အညာသဘာဝမို. ထူသည်ဟုမဆိုနိုင် ၊မျက်နှာ အရင်သစ်ပြီးဆိုင်ထဲဝင်ရသည် ။ မဟုတ်လျှင်ဆိုင်ရှင်
စကားပြောချင်စိတ်ကုန်အောင်ပင်မျက်နှာတွေကUSA ကွန်မန်ဒို ဇာတ်ကားထဲကမျက်နှာတွေလို
မည်းတာနဲ.ဖုန်ရောင်ညစ်ညစ်ဒါလောက်ပဲကွာသည်။
  သန်းဇော်နှင့်ကျွန်တော် ကားသမားနှစ်ယောက်ပါစားပွဲတစ်ဝိုင်းတည်းထိုင်လိုက်ကြသည်။
ဆိုင်ကအလုပ်သမားစားပွဲထိုးကောင်လေးဝိုင်းနားလာကာ
   “အစ်ကိုကြီးတို. ဘာများသုံးဆောင်မလဲခင်ဗျာ ”
  ကျွန်တော် စကားကိုစိတ်မ၀င်စားဖြစ် လက်ဆွဲပါဆယ်ကိုဆွဲသွားသောအင်္ကျီမပါသောအဘိုးအိုကိုကြည်.နေမိသည်။ဒီခေတ်မှာတောင်
ခေါက်ဆွဲကို ပလပ်စတစ်အိတ်နဲ.မထုတ်ပဲဖက်နဲ.ထုတ်ပေးတဲ့နတ်မောက်မြို.ကိုထူးထူးဆန်းဆန်း
စိတ်ဝင်စားသွားတော.သည်။ကျွန်တော်တို.လည်းခေါက်ဆွဲကျော်လေးပွဲမှာကာ ညစာအဖြစ်
ဗိုက်ဖြည်.ပြီးကားကိုမောင်းကာပျော်ဘွယ်ဘက်ကိုထွက်လာခဲ့ကြသည်။
        နတ်မောက်ကျော် ပျော်ဘွယ်လမ်းတွေကသိပ်မကောင်းလှ အဆီဆိမ်.စားပြီးအိပ်ငိုက်မယ်
ကြံနေသောမျက်လုံးတွေ ကိုစည်းစိမ်ဖျက်နေသလိုလို ။ လမ်းတွေက ဘယ်လောက်ထိအောင်ဆိုးလဲ
ဆိုကျွန်တော်နှင့်လိုက်ပါသူသန်းဇော်၏သေတ္တာမှာအထက်ကထပ်ထားသောပစ္စည်းတွေဝိတ်များ
တာကောကားချိုင့်အကျခုန်လိုက်တာရောကြောင့် သေတ္တာမှာ အဖုန်းကျွံသွားသည်။ ကားစပယ်ယာ
လေးကနောက်ခန်းမှလိုက်လာပြီးမြင်ကာရပ်ခိုင်းသောကြောင့်ကားကိုရပ်ကာသေတ္တာတွေပြန်လည်
ပြင်ဆင်နေရာချ၇သည်။
    ဒီလိုနှင့်မအိပ်လိုက်ရပဲ ပျော်ဘွယ်ကိုရောက်ရှိလာခဲ့သည်။ ပျော်ဘွယ်တွင်ကားအုံနာက သူ.အိမ်
ခေါ်ကာ အခန်းပေးပြီးတည်းခိုစေသည်။
     “မင်း အမေ ကငါတို.နဲ.အဆက်သွယ်မပြတ်ဘူး ဒီကိုတစ်ခါတခါကုန်ဝယ်လာရင်
           အိမ်မှာတည်းဆို  မရဘူး။ နေ.ခြင်းပြန်တွေများတယ် ကားပေါ်မှာအိပ်လိုက်သွားတယ်
                                         အာဂမိန်းမပဲဟေ.  မင်းဘာမှအားမနာနဲ.ရထားလက်မှတ်
                                 ဦးလေးစီစဉ်ပေးမယ် အိမ်ကဘူတာနားမှာပဲ ဘူတာကိုမြင်နေရတယ်”

         ထိုဦးလေး(ကားအုံနာ)၏ကောင်းမှုကြောင့်ပျော်ဘွယ်ကိုနံနက်(၃)နာရီလောက်မှရောက်သောကျွန်တော်နှင့်သန်းဇော် နံနက် (၁၀)နာရီကျော်ထိအိပ်ပစ်လိုက်သည်။


  ပျော်ဘွယ်ဘူတာ

ဘူတာလို.ခေါ်ဆိုမျှရုံလောက်သာ ။မုန်.ကြွပ်လည်ရောင်းသောအဈေးသည် အချို. ၊ လက်ဖက်ရည်ဆိုင် ၊ ကွမ်းယာဆိုင် လောက်သာ ၊စည်စည်ကားကားမရှိလှ။
ခရီးသည်နည်းပါးလှသောကြောင့်ဘူတာမှာတိတ်ဆိတ်နေသည်။ ရေအိုးစင်လေးတွေတွေ.ရသောကြောင့်အညာနံ.မပျောက်သေးသောဂုဏ်ယူစရာ
ချစ်စရာကောင်းသောမြန်မာ.ဓလေ.စရိုက်တွေကိုတော.၀မ်းမြောက်ဂုဏ်ယူမိပါတော.သည်။

  “ စစ်ဒေါင်းပဲ ဖြတ်လိုက်မယ် မင်းတို.လည်းခရီးပန်းလာတာ အိမ်မှာနားနေနေ
     ရေမိုးချိုး ညစာထမင်းစားပြီး ရထားစီးတာပို အဆင်ပြေမလားလို. ”
   အုံနာဦးလေး ကဘူတာရုံအခန်းမှ လက်မှတ်ဖြတ်ပြီးထွက်လာကာပြောသည်။
ကျွန်တော်ဘာမျှပြန်မပြော ။အနားမှသန်းဇော်ကပြုံးနေသည်။

        စစ်ဒေါင်းရထားကြီးကပျော်ဘွယ်ဘူတာမှရန်ကုန်ဘက်သို.တစ်ရွေ.ရွေ.ခုတ်မောင်းလာသည်။
ညမှောင်နေသောကြောင့်ဘေးဝဲယာရထားလမ်းဘေးရွကြလေးများမှမှိန်ပျပျမီးရောင်လေးတွေသာမြင်ရသည်။ပျဉ်းမနားဘူတာတွင်ခဏရပ်သည်။
 “သန်းဇော် ငါ မျှစ်ချဉ် ဆင်းဝယ်လိုက်ဦးမယ်”
  “ဘယ်သူ.အတွက်လဲ ”
“ အခုငါတို.  ညအိပ်တည်းခိုရမယ်.အိမ်အတွက်လေ”
 ဟင်……..
ဟုတ်ပါသည် ၊ ကျွန်တော်သန်းဇော်ကိုမပြောဖြစ်ပဲစိတ်ကူးနှင့်လုပ်ပစ်သောကိစ္စ။
ဒါပေမယ်.မလုပ်ရသေးပါစိတ်ကူးထဲလုပ်ပြီးသွားတာဖြစ်ပါသည်။
ရထားကြီးကပျဉ်းမနားဘူတာမှရန်ကုန်ဘက်သို.ဆက်လက်ထွက်ခွာလာပါတော.သည်။
လမ်းဘေးဝဲယာကိုဂရုစိုက်ပြီးကြည်.နေမိသည်။သန်းဇော်ကကျိုးနေပြီ ။ရထားနှင့်အပြိုင်
တခူးခူးတခေါခေါ နှင့်ခုတ်မောင်းနေသည်။အိမ်နားက ကျောင်းပြီးသွားတဲ.အင်ဂျင်နီယာ
ကိုမေးထားသောကြာင့် ကျောင်းကရထားလမ်းရဲ.လက်ဝဲဘက်(DOWN ရထားများအတွက်သာ)
ကန်ရိုးဆိုသောရွာအစွန်လို.ကြားဖူးထားသည်။ တောင်ငူကိုဝင်လာပြီထင်ရသည်။
ကျုံးလိုလိုအရာတွေမြို.ထဲမှာတွေ.ရသည်။အနားကဦးလေးကြီးကိုလှမ်းပြီးမေးမိသည်။
 “တောင်ငူမြို.ထဲကိုရောက်ပြီလား ဦးလေး”
  “ ဟုတ်တယ်လေ”
“ ဟာဗျာ ”  “တောင်ငူGTIကျောင်းတောင်မမြင်လိုက်ရဘူး”
“ မင်းသေချာမကြည်.လို.ပါ  မျက်နှာချင်းဆိုင်လယ်ကွင်းတွေနဲ.  အုတ်တံတိုင်းဖြူဖြူလေး
 တွေသံဇကာတွေ မီးတိုင်မှိန်ပျပျလေး ကွ ကျောင်းဆိုင်းဘုတ်ကညဆိုမထင်မရှားဘဲ ”

“ ဟာဗျာ ”
“မင်းကGTI  တက်ဖို.လာတဲ့ကျောင်းသားသစ်လား”
“ ဟုတ်ကဲ့ ပါ”  “ထ ..ထ .. သန်းဇော် တောင်ငူဘူတာရောက်တော.မယ်”
ရထားကြီးကဥသြဆွဲသံနှင့်အတူတောင်ငူဘူတာထဲဝင်လာပါတော.သည်။
ကျွန်တော်တို.နှစ်ယောက်ရထားဘူတာဘေးဈေးဆိုင်ကလေးမှ တည်းခိုမည်.အိမ်ကို
ဖုန်းဆက်လှမ်းခေါ်လိုက်သည်။
                                                   ဆက်ရေးပါမည်။
                                              စောစော(အိမ်မက်ရဲတိုက်)
                                            ၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး 
                                      ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်။




Wednesday, April 10, 2013

ထွန်းအောင်ကျော်၏ဆောင်းပါးများ







ကိုညို (အော်စလို) ၏ ဆောင်းပါးများ