Tuesday, April 16, 2013
စစ်ဒေါင်း(၃)
အမေ ကအထုပ်တွေပြင်ပေးနေသည်။ကားကအမေ.မိတ်ဆွေကား သူ.ကုန်တွေလာတိုက်ရင်း
ပျော်ဘွယ်ထိလမ်းကြုံလိုက်ရမည်။ထိုမှတဆင့်တောင်ငူGTI ကို သွားရမည်။ ရထား နှင့်တဆင့်
သွားရဖို.အခြေနေက များသည်။သန်းဇော်ကိုပါတစ်ပါတည်းခေါ်သွားရန်အမေစီစဉ်နေသည်။
“သားရယ် ကိုယ်.ထက်ငယ်သူကိုကူညီလိုက်ပါ သူကောသားပါတစ်ခါမှမရောက်ဖူးတဲ့နေရာလေ
ကိုယ်.တစ်မြို.တည်းသားတွေလေ ချစ်ချစ်ခင်ခင်စည်းလုံးမှပေါ.သားရဲ. ”
ကျွန်တော် အငယ်တည်းက တစ်ယောက်တည်းနေသားကျနေသူမို. အပေါင်းသင်းမရှိလှ ၊ဂိမ်းစက်
နှင့်စူပါမာရီရို ၊ အမေ.ကိုတရားလာပြပေးသော ၀ိပဿနာဆရာကြီး ၊ ကျွန်တော်အိမ်ကအလုပ်လုပ်
ကြသော အလုပ်သမားမိသားစုတွေနှင့်သာနေတတ်သည်။ ၀ိပဿနာပြပေးသောဆရာကြီးက
ကျွန်တော်ဆယ်တန်းတုန်းက ENGLISHပြပေးသည်။ သူ.ကျေးဇူးနှင့် စာပေစာအုပ်စာတမ်းဖတ်ရ
ကောင်းမှန်းသိလာသည်။ဆရာကြီးကိုတောင်ငူGTI ၀င်ခွင့်ရသောကြောင့်နှုတ်ဆက်ကန်တော.ခဲ့
သည်။
“အေး ငါ.တပည်. မင်းကို အထူးထွေ မှာစရာမလိုဘူးထင်တယ်
ဘ၀မှာ မေဂျာ မိုင်နာ ကွဲအောင်သိပြီးလုပ်သင့်တာလုပ်ခွင့်ရပါစေ
မရရင်လည်း ရအောင်ကြိုးစားနိုင်ရမယ်ကွ”
ကျွန်တော်သန်းဇ်ာနှင့် ကုန်တင်ကားပေါ်ပစ္စည်းတွေတင်လိုက်သည်။သေတ္တာတွေကအိမ်က
အလုပ်သမားတွေတင်ပြီးသားမို.ခရီးဆောင်အိပ်လောက်သာတင်ရသည်။ အမေ.ကိုထိုင်ကန်တော.လိုက်သည်။အမေကားထွက်သွားတာတောင်အိမ်ရှေ. တံခါးလေးကို
ကိုင်ကာ ကျန်နေရစ်သည်။ ကျွန်တော်မြင်ပါသည်။မျက်လုံးမှာ မျက်ရည်စတွေစို.လို. ဒါပေမယ်.
နှလုံးသားကိုဦးဏှောက်ကဖိအားပေးရင်တော.“ငါ.သားတစ်နေ.အင်ဂျင်နီယာကြီး သူ.အဖေလို
ဖအေတူသားကြီး” ……………………………….
……………………………………………………………………
ကားကြီးက ကန်ပြားလမ်းခွဲမှ နတ်မောက်ဘက်ကိုဝင်လာသည်။ကုန်တင်ကားနှင့်လမ်းကဆိုးသောကြောင့်တစ်ခါတစ်ခါ ဒရိုင်ဘာဘက်လဲကျမသွားအောင် ဒက်ရှဘုတ်ကိုကိုင်ထားလိုက်ရသည်။လမ်းဘေးတွင်
ထန်းပင်တွေခြောက်သွေ.နေသောယာခင်းများကိုမြင်နေရသည်။ လေတိုက်လျှင်တောင်လေပူတိုက်သောအညာရာသီဥတုက မနှိပ်လှတာတော.အမှန် ၊.......။
ကားကအိပ်စပရက်မဟုတ်အဲယားကွန်းမပါ ၊ပြတင်းပေါက်ကလေတိုက်နေသော်လည်း
မအေးလှ ။ တဖြည်းဖြည်းညနေမှောင်လာသည်။သိပ်မမောင်းလိုက်ရ ကျွန်တော်တို.
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ဇာတိမြို.နတ်မောက်သို.ရောက်ရှိလာပြီ။
နတ်မာက်မြို.မှလှိုက်လှဲစွာကြိုဆိုပါ၏
ကားသမားက တောင်ငူGTIတက်မယ်.အင်ဂျင်နီယာလောင်းတွေဟုအထင်တကြီး
ထားပြီး ကားကိုတ၇ုတ်စာရောင်းသောစားသောက်ဆိုင်ဆီမောင်းဝင်လိုက်သည်။ ဖုန်တွေကတော.
အညာသဘာဝမို. ထူသည်ဟုမဆိုနိုင် ၊မျက်နှာ အရင်သစ်ပြီးဆိုင်ထဲဝင်ရသည် ။ မဟုတ်လျှင်ဆိုင်ရှင်
စကားပြောချင်စိတ်ကုန်အောင်ပင်မျက်နှာတွေကUSA ကွန်မန်ဒို ဇာတ်ကားထဲကမျက်နှာတွေလို
မည်းတာနဲ.ဖုန်ရောင်ညစ်ညစ်ဒါလောက်ပဲကွာသည်။
သန်းဇော်နှင့်ကျွန်တော် ကားသမားနှစ်ယောက်ပါစားပွဲတစ်ဝိုင်းတည်းထိုင်လိုက်ကြသည်။
ဆိုင်ကအလုပ်သမားစားပွဲထိုးကောင်လေးဝိုင်းနားလာကာ
“အစ်ကိုကြီးတို. ဘာများသုံးဆောင်မလဲခင်ဗျာ ”
ကျွန်တော် စကားကိုစိတ်မ၀င်စားဖြစ် လက်ဆွဲပါဆယ်ကိုဆွဲသွားသောအင်္ကျီမပါသောအဘိုးအိုကိုကြည်.နေမိသည်။ဒီခေတ်မှာတောင်
ခေါက်ဆွဲကို ပလပ်စတစ်အိတ်နဲ.မထုတ်ပဲဖက်နဲ.ထုတ်ပေးတဲ့နတ်မောက်မြို.ကိုထူးထူးဆန်းဆန်း
စိတ်ဝင်စားသွားတော.သည်။ကျွန်တော်တို.လည်းခေါက်ဆွဲကျော်လေးပွဲမှာကာ ညစာအဖြစ်
ဗိုက်ဖြည်.ပြီးကားကိုမောင်းကာပျော်ဘွယ်ဘက်ကိုထွက်လာခဲ့ကြသည်။
နတ်မောက်ကျော် ပျော်ဘွယ်လမ်းတွေကသိပ်မကောင်းလှ အဆီဆိမ်.စားပြီးအိပ်ငိုက်မယ်
ကြံနေသောမျက်လုံးတွေ ကိုစည်းစိမ်ဖျက်နေသလိုလို ။ လမ်းတွေက ဘယ်လောက်ထိအောင်ဆိုးလဲ
ဆိုကျွန်တော်နှင့်လိုက်ပါသူသန်းဇော်၏သေတ္တာမှာအထက်ကထပ်ထားသောပစ္စည်းတွေဝိတ်များ
တာကောကားချိုင့်အကျခုန်လိုက်တာရောကြောင့် သေတ္တာမှာ အဖုန်းကျွံသွားသည်။ ကားစပယ်ယာ
လေးကနောက်ခန်းမှလိုက်လာပြီးမြင်ကာရပ်ခိုင်းသောကြောင့်ကားကိုရပ်ကာသေတ္တာတွေပြန်လည်
ပြင်ဆင်နေရာချ၇သည်။
ဒီလိုနှင့်မအိပ်လိုက်ရပဲ ပျော်ဘွယ်ကိုရောက်ရှိလာခဲ့သည်။ ပျော်ဘွယ်တွင်ကားအုံနာက သူ.အိမ်
ခေါ်ကာ အခန်းပေးပြီးတည်းခိုစေသည်။
“မင်း အမေ ကငါတို.နဲ.အဆက်သွယ်မပြတ်ဘူး ဒီကိုတစ်ခါတခါကုန်ဝယ်လာရင်
အိမ်မှာတည်းဆို မရဘူး။ နေ.ခြင်းပြန်တွေများတယ် ကားပေါ်မှာအိပ်လိုက်သွားတယ်
အာဂမိန်းမပဲဟေ. မင်းဘာမှအားမနာနဲ.ရထားလက်မှတ်
ဦးလေးစီစဉ်ပေးမယ် အိမ်ကဘူတာနားမှာပဲ ဘူတာကိုမြင်နေရတယ်”
ထိုဦးလေး(ကားအုံနာ)၏ကောင်းမှုကြောင့်ပျော်ဘွယ်ကိုနံနက်(၃)နာရီလောက်မှရောက်သောကျွန်တော်နှင့်သန်းဇော် နံနက် (၁၀)နာရီကျော်ထိအိပ်ပစ်လိုက်သည်။
ပျော်ဘွယ်ဘူတာ
ဘူတာလို.ခေါ်ဆိုမျှရုံလောက်သာ ။မုန်.ကြွပ်လည်ရောင်းသောအဈေးသည် အချို. ၊ လက်ဖက်ရည်ဆိုင် ၊ ကွမ်းယာဆိုင် လောက်သာ ၊စည်စည်ကားကားမရှိလှ။
ခရီးသည်နည်းပါးလှသောကြောင့်ဘူတာမှာတိတ်ဆိတ်နေသည်။ ရေအိုးစင်လေးတွေတွေ.ရသောကြောင့်အညာနံ.မပျောက်သေးသောဂုဏ်ယူစရာ
ချစ်စရာကောင်းသောမြန်မာ.ဓလေ.စရိုက်တွေကိုတော.၀မ်းမြောက်ဂုဏ်ယူမိပါတော.သည်။
“ စစ်ဒေါင်းပဲ ဖြတ်လိုက်မယ် မင်းတို.လည်းခရီးပန်းလာတာ အိမ်မှာနားနေနေ
ရေမိုးချိုး ညစာထမင်းစားပြီး ရထားစီးတာပို အဆင်ပြေမလားလို. ”
အုံနာဦးလေး ကဘူတာရုံအခန်းမှ လက်မှတ်ဖြတ်ပြီးထွက်လာကာပြောသည်။
ကျွန်တော်ဘာမျှပြန်မပြော ။အနားမှသန်းဇော်ကပြုံးနေသည်။
စစ်ဒေါင်းရထားကြီးကပျော်ဘွယ်ဘူတာမှရန်ကုန်ဘက်သို.တစ်ရွေ.ရွေ.ခုတ်မောင်းလာသည်။
ညမှောင်နေသောကြောင့်ဘေးဝဲယာရထားလမ်းဘေးရွကြလေးများမှမှိန်ပျပျမီးရောင်လေးတွေသာမြင်ရသည်။ပျဉ်းမနားဘူတာတွင်ခဏရပ်သည်။
“သန်းဇော် ငါ မျှစ်ချဉ် ဆင်းဝယ်လိုက်ဦးမယ်”
“ဘယ်သူ.အတွက်လဲ ”
“ အခုငါတို. ညအိပ်တည်းခိုရမယ်.အိမ်အတွက်လေ”
ဟင်……..
ဟုတ်ပါသည် ၊ ကျွန်တော်သန်းဇော်ကိုမပြောဖြစ်ပဲစိတ်ကူးနှင့်လုပ်ပစ်သောကိစ္စ။
ဒါပေမယ်.မလုပ်ရသေးပါစိတ်ကူးထဲလုပ်ပြီးသွားတာဖြစ်ပါသည်။
ရထားကြီးကပျဉ်းမနားဘူတာမှရန်ကုန်ဘက်သို.ဆက်လက်ထွက်ခွာလာပါတော.သည်။
လမ်းဘေးဝဲယာကိုဂရုစိုက်ပြီးကြည်.နေမိသည်။သန်းဇော်ကကျိုးနေပြီ ။ရထားနှင့်အပြိုင်
တခူးခူးတခေါခေါ နှင့်ခုတ်မောင်းနေသည်။အိမ်နားက ကျောင်းပြီးသွားတဲ.အင်ဂျင်နီယာ
ကိုမေးထားသောကြာင့် ကျောင်းကရထားလမ်းရဲ.လက်ဝဲဘက်(DOWN ရထားများအတွက်သာ)
ကန်ရိုးဆိုသောရွာအစွန်လို.ကြားဖူးထားသည်။ တောင်ငူကိုဝင်လာပြီထင်ရသည်။
ကျုံးလိုလိုအရာတွေမြို.ထဲမှာတွေ.ရသည်။အနားကဦးလေးကြီးကိုလှမ်းပြီးမေးမိသည်။
“တောင်ငူမြို.ထဲကိုရောက်ပြီလား ဦးလေး”
“ ဟုတ်တယ်လေ”
“ ဟာဗျာ ” “တောင်ငူGTIကျောင်းတောင်မမြင်လိုက်ရဘူး”
“ မင်းသေချာမကြည်.လို.ပါ မျက်နှာချင်းဆိုင်လယ်ကွင်းတွေနဲ. အုတ်တံတိုင်းဖြူဖြူလေး
တွေသံဇကာတွေ မီးတိုင်မှိန်ပျပျလေး ကွ ကျောင်းဆိုင်းဘုတ်ကညဆိုမထင်မရှားဘဲ ”
“ ဟာဗျာ ”
“မင်းကGTI တက်ဖို.လာတဲ့ကျောင်းသားသစ်လား”
“ ဟုတ်ကဲ့ ပါ” “ထ ..ထ .. သန်းဇော် တောင်ငူဘူတာရောက်တော.မယ်”
ရထားကြီးကဥသြဆွဲသံနှင့်အတူတောင်ငူဘူတာထဲဝင်လာပါတော.သည်။
ကျွန်တော်တို.နှစ်ယောက်ရထားဘူတာဘေးဈေးဆိုင်ကလေးမှ တည်းခိုမည်.အိမ်ကို
ဖုန်းဆက်လှမ်းခေါ်လိုက်သည်။
ဆက်ရေးပါမည်။
စောစော(အိမ်မက်ရဲတိုက်)
၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး
ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပြုနိုင်ပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment