Tuesday, April 16, 2013
စစ်ဒေါင်း
အင်းရေက နောက်နေသည်။ရေပိုးဖမ်းသောအဖွဲ.တွေမီးရောင်ကမှိန်ပျပျ ၊ အပြာေ၇ာင်။လမသာညမို.လားမသိ
ကောင်းကင်နှင့်လိုက်ဖက်သောညဟုခံစားမိသည်။ကျွန်တော်နှင့်ဦးထွေး တဲဝရန်တာမှာလေညှင်းခံကာ အရက်
တစ်လုံးကုန်အောင်သောက်ပစ်လိုက်သည်။မအူပင်ရေနက်ကွင်းဟုပြောရလောက်အောင် ခြင်တွေကသောင်း
ကျန်းလွန်းလှသည်။ခြင်အန္တရာယ်အတွက် တဲအောက်တွင် နနွင်းတက်ကိုလွှစာမှုန်.နှင့်ရောကာ မြေအိုးထဲ
ထည်.ကာမီးဖိုထားရသည်။ဒါတောင် မလွယ်လှ လက်တွင်ကိုက်ခံထားရသောအဖုအပိန်.တွေ ၊ အိပ်ယာထဲ
ခြင်ထောင်အပြင်ကဂျပန်ခေတ်က ကျွဲညီနောင်ပျံသလိုလာကြသော ကိုယ်ရွှေခြင်ဆွေတော်ရှစ်သောင်းမျိုး
တော်ပေါင်းကနှိပ်စက်လှသည်။
ဦးထွေး၏သား မောင်ဦးက အရက်ခွက်တွေရေခွက်တွေပုလင်းခွံပါသိမ်းလိုက်သည်။ထမင်းပွဲပြင်ရန်
ဟူသောရည်ရွယ်ချက်ဟုသဘောပေါက်လိုက်သည်။ဦးထွေးကတဲနံရံမှီနေပြီး အညာမှပို.ပေးသော ပြောင်းဖူး
ဖက်ဆေးလိပ်တုတ်တုတ်ကြီးကိုမီးညှိ ကာအားရပါးရဖွာနေသည်။ကျွန်တော်ထမင်းဝိုင်းဘက်ကူညီလုပ်ကိုင်
ပေးမယ်ဟုစိတ်ကူးဖြင့်လာစဉ် ………. “ဟာငါးဟင်း”………….
ဘ၀တွင်ငါးဟင်းကိုမြင်တိုင်း လူနှစ်ယောက်ကို သတိရတာအမှန်။ နှစ်ယောက်လုံးက မိန်းမတွေချည်း။
နားထဲမှာရော နှလုံးသားမှာ ပါ သူတို.ဒဿနတွေ စကားလုံးတွေအပြည်.ဒီငါးဟင်းကကျွန်တော်.အတွက်
ပြဿနာ အတိတ်တစ်ခုကိုခေါ်ဆောင်နေပြီ။ငြိမ်း၏စကားလုံးတွေနားထဲပဲ့တင်ထပ်သွားသည်။
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
“ နင်…..မလုပ်ချင်ဘူးဆိုတာတွေ…..ကံကြမ္မာခိုင်းရင်ငြင်းမရဘူး”
…………………………………..
………………………………………………………………………….
…………………………………………………………………………………………
ဟုတ်ပါတယ်။ အခုငြင်းမရတော.ပါ။ သူဌေးသားလဲမဟုတ် ၊ အင်ဂျင်နီယာလဲမဖြစ် ၊ ……..
တသက်လုံးမစားချင်ဘူးငြင်းလာသောငါးဟင်း။
တသက်လုံးမလုပ်ရတော.ဘူးထင်တဲ့အလုပ်တွေလုပ်နေရပြီလေ။
ငြိမ်းရယ် …..မေမေရယ် …..ဒီနှစ်ယောက်ကကျွန်တော်.နှလုံးသားကိုထက်ခြမ်းခွဲသိမ်းပိုက်ထားကြသည်။
မေမေက လောကကြီးကိုကျသလိုမုဆိုးမအဖြစ်ရုန်းကန်ပြီးကျွန်တော်ကိုထုဆစ်ခဲ့တယ်။ဒါပေမယ်. အခုပုံစံမျိုး
မြင်ရင်အမေကျေနပ်မှာ မဟုတ်ဘူး။ အမေတစ်ခုသားတစ်ခု ပွဲရုံပိုင်ရှင်သဌေးသားဘ၀ “ကလေးကစာတော်
အင်ဂျင်နီယာကျောင်းတက်နေတယ်”ဆိုအမေ ပတ်ဝန်းကျင်ကိုဂုဏ်ယူပြောဆိုတတ်သည်။အခုတော. …
အမေ လောကကြီးကခွဲခွာတာစောတယ်အမေ …..သားကျောင်းမပြီးသေးဘူး…..အမေ့နာရေးအပြီး
အညာမှာ အမေ.ပွဲရုံကလူတွေကိုသားမှာခဲ့တာအမေကြားပါစေ
“ဦးမြင့်တို.က သားကို ငယ်ငယ်ကတည်းကထိန်းကျောင်းတဲ့ မေမေ.လူယုံတွေပဲစိတ်ချပါတယ်သားကျောင်းပြန်တက်ရအုံးမယ် ”
အခုတော. …………………
ပွဲရုံကိုစာရင်းဖျောက်ချင်တာမီးရှို.ပြီး ထောင်ထဲတစ်ယောက်ဝင်ပြီး ပြဇာတ်အသစ်တွေကသွားတယ်
မေမေ…………
သားအညာကိုမပြန်ချင်ဘူး………တောင်ငူGTI ကထွက်လာပြီး ရန်ကုန်မှာကျရာလုပ်ကြုံရာအိပ် ဘ၀ကို
ခပ်ကြမ်းကြမ်းဖြတ်သန်းပျံသန်းတတ်နေပြီအမေ……….
အမေ…. ငြိမ်းက သားကိုပြောတာတွေ မှန်နေပြီ ……
သူဌေးသားဆိုတာဆေးလိပ် ဖင်စီခံတဲ့
အဲဒီတုန်းကနာတယ် ….မခံချင်ဘူး……
အခုတော. …………………..မနာတော.ဘူး
အမေမရှိတော.ဘူး ………ငြိမ်းလည်းဘယ်ရောက်နေမှန်းမသိဘူး……
ကန်ရိုးလည်း ပြန်မေ၇ာက်ဖြစ်ဘူး………………………………
ကွန်းခိုရာက တွတ်ပီပုံကပြောတယ် “မင်းဒီနေ.ကံမကောင်းဘူး”
ဟားဟား တစ်ဘ၀လုံးဘယ်လိုကောင်းနိုင်မလဲ …..(ပြန်ပြောတတ်နေပြီ……အမေ)
“ဟေ.ကောင်…. ဘာတွေစဉ်းစားနေတာလဲလက်ဆေး ထမင်းစားမယ်”
ဦးထွေးအသံက ကျွန်တော်.အတိတ်တွေကို ဖျက်ဆီးပစ်လိုက်သည်။
ဟုတ်ပါတယ်၊ အတိတ်ကိုအတိတ်မှာမထားခဲ့နိုင်ရင် ဘာတွေဖြစ်မယ်ဆိုတာသားသိနေပြီအမေ…
ကျွန်တော်မကြိုက်သောငါးဟင်းကိုကြိတ်မှိတ်မျိုချလိုက်သည်။ အင်းထဲကငါး ၊ အစာအိမ်ထဲညှီစော်နံစွာဝင်သွားသည်။ထမင်းစားပြီးရင်ရန်ကုန်ကဖောက်သည်တွေနံနက်ရောင်းရန် ဘဲဥပို.ရမည်။ဘ၀ကကြမ်းလှသည် စိတ်မပျက်တတ်တော. ပတ်ဝန်းကျင်နှင်.သဟဇာတမျှအောင်နေရင်း
ပျော်စရာတွေကျေနပ်စရာတွေ ဧည်.သည်အဖြစ်ကျွန်တော်.ထံရောက်လာကြလိမ်.မည်။
ဆက်ရေးပါမည်။
စောစော(အိမ်မက်ရဲတိုက်)
၂၀၀၀-၀န်းကျင်ခန်.ကရေးထားသောစာမူများကိုစဉ်းစားပြီး
ပြန်လည်ရေးသားလိုက်ပါသည်။လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment